Movie Name
One Flew Over The Cuckoos Nest (1975)
Year
1975
Generes
Drama
Code
EN0262
Type
Movie
Size
702 MB
Country
Hollywood
Description
1963ခုနှစ်ရဲ့ဆောင်းဦးမှာ R.P.McMurphyလို့ခေါ်တဲ့ လူတစ်ယောက်က စိတ်ကျန်းမာရေးဆေးရုံကို ရောက်လာတယ်။ McMurphyက ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်လို ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့သူပါ။ သူ့လိုလူအတွက် ထောင်ထဲသွားတာက ဘာမှ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကြာလာတော့အလုပ်ကြမ်းလုပ်ရတာ‌ေတွ ငြီးငွေ့လာတယ်။ ဒါကြောင့်က 15နှစ်သမီးကို rapeလုပ်ပြီး တရားစွဲခံရတဲ့နောက်မှာ ထောင်ထဲကို မသွားချင်တဲ့အတွက် စိတ်ရောဂါရှင်ယောင်ဆောင်ခဲ့တယ်။ အဲ့လိုနဲ့ ဒီဆေးရုံကို ရောက်လာတယ်။ % buffered 00:00 -00:02 Download Your browser does not support the video tag. သူက ဆေးရုံမှာဆိုရင် ပိုပြီး လွတ်လပ်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် လူနာတွေအပေါ် အာဏာ မတရားသုံးတဲ့ သူနာပြု Ratchedကြောင့် မလွတ်လပ်တဲ့အပြင် ပိုပြီး တင်းကျပ်လာတယ်။ ထောင်မှာလုပ်လို့ရခဲ့တဲ့ ကိစ္စတွေတောင် လုပ်လို့မရဖြစ်လာတယ်။ ဒါကြောင့် သူက ဦးဆောင်ပြီး ကလန်ကဆန်စလုပ်လာတယ်။ ပြဿနာရှာတယ် အမျိုးမျိုးပေါ့။ တစ်ရက် ဆွေးနွေးပွဲတစ်ခုမှာသူသိလိုက်ရတာ တစ်ခုရှိတယ်။ သူနဲ့ တခြားနှစ်ယောက်ကလွဲပြီး ကျန်တဲ့လူနာတွေက အမှုတစ်ခုခု ကျူးလွန်လို့ရောက်လာကြတာမဟုတ်ဘူး။ ကိုယ့်သဘောနဲ့ကိုယ် လာနေနေကြတာ။ အဲ့လူနာ‌ေတွကလည်း လက်တွေ့အပြင်ဘက် ဘ၀မှာ ရပ်တည်နိုင်တဲ့လူတွေ ဟုတ်ပေမယ့် နေရဲသွားရဲသတ္တိတွေပျောက်ကုန်တယ်။အဲ့အချက်ကို McMurphyလုံး၀လက်မခံနိုင်ဘူး။ ဒီ ကိစ္စရဲ့နောက်ကွယ်မှာ Ratchedရဲ့ပရောဂ မကင်းဘူးဆိုတာလည်း သိတယ်။ ဒါကြောင့် သူက ဒီဆေးရုံကနေ ထွက်ပြေးဖို့ကြံပါတော့တယ်။ ************************************** စာရေးဆရာ Ken Keseyရဲ့နာမည်ကြီး ၀တ္ထုOne Flew Over The Cuckoo’s Nestကို Director Milos Formanကရိုက်ကူးခဲ့ပါတယ် ဒီဇာတ်ကားက Drama/Comedy-Dramaအမျိုးအသားပါ Castအပိုင်းမှာတော့ R.P.McMurphyအဖြစ် Jack Nicholson Nurse Ratchedအဖြစ် Louise Fletcherတို့က သရုပ်ဆောင်ထားပါတယ် Jake Nicholsonက ဒီဇာတ်ကားမထွက်ခင်ရှေ့တစ်နှစ်က ထွက်ခဲ့တဲ့ Chinatownကားကတည်းက ကျွန်တော်တို့ကို သူ့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဆွဲဆောင်ခဲ့ပါတယ် နောက်တစ်နှစ်အကြာမှာလည်း ဒီဇာတ်ကားနဲ့အတူ ပြန်ဆွဲဆောင်သွားပါတယ် အော်စကာ ဘာကြောင့်ရလဲဆိုတာ ပြောစရာကို မလိုပါဘူး Louise Fletcherရဲ့ Nurse Ratchedသရုပ်ဆောင်ချက်ကိုတော့ ချီးကျူးသင့်လွန်းပါတယ် သူ့မျက်နှာကို ကြည့်လိုက်တာနဲ့တင် ကြက်သီးထပါတယ် ဗီလိန်ဖြစ်နေတာနဲ့အညီ တစ်ဖက်က မုန်းနေရသလို တစ်ဖက်ကလည်း ချီးကျူးနေရပါတယ် အခု2020ထဲမှာပဲ One Flew Over The Cuckoo’s Nestရဲ့ sequel Seriesဖြစ်တဲ့ Ratched ကို ထုတ်ပြီးပါပြီ One Flew Over The Cuckoo’s Nestဇာတ်ကားဟာ Best Actor, Actress, Picture, Adapted Screenplay, Directorဆိုတဲ့ Five Major Awardsရထားတဲ့ ဇာတ်ကားစာရင်း၀င်သုံးကားထဲက တစ်ကားပါ ကျန်တဲ့နှစ်ကားကတော့ It Happened One Night(1931)နဲ့ The Silence of the Lambs (1991)ပါ 2နာရီ13မိနစ်ကြာမြင့်တဲ့ကားဖြစ်‌ေပမယ့် အချိန်ကုန်လို့ကုန်မှန်းမသိ ဆွဲဆောင်နိုင်တဲ့ကားဖြစ်သလို ပြန်ကြည့်တိုင်းလည်း အတွေးတစ်ခု အမြဲပေးနိုင်တဲ့ကား ဖြစ်ပါတယ်