-
Movie Name
-
ဆုတောင်းခြင်းရဲ့စွမ်းအား
-
Year
-
2018
-
Generes
-
Drama
-
Code
-
ST0209
-
Type
-
Series
-
Size
-
4 GB
-
Country
-
Thai
-
Description
-
ဆုတောင်းခြင်းရဲ့စွမ်းအား
မြန်မာစာတန်းထိုး (ᴇᴘ-1&11) အစအဆုံးရပြီ
ဇာတ်လမ်းအကျဉ်း.....
ဝါရဒါဟာ သူဌေးကြီးတစ်ယောက်ရဲ့ ရိုးသားပြီး အားနွဲ့တဲ့ သမီးလေးတစ်ယောက်သူဌေးကြီးက နောက်မှတွေ့တဲ့သူကို တရားဝင်မိန်းမအနေနဲ့ယူထားခဲ့လို့ မိခင်ဖြစ်သူက ပထမဇနီးဖြစ်ပေမယ့် တရားဝင်ဇနီးမဖြစ်ခဲ့ရှာဘူး
ဝါရဒါမှာ ဝါရဒါ့ရဲ့ ချစ်သူ ကရစ်ကို လိုချင်တာကြောင့် မုန်းနေတဲ့ အဖေတူ အမေကွဲ ညီမတစ်ယောက်ရှိခဲ့တယ်
တစ်ရက် ကရစ် ချိန်းဆိုမှုကြောင့် ဝါရဒါထွက်လာတွေ့တုန်း ဘယ်သူရိုက်မှန်းမသိတဲ့ ခေါင်းကို ရိုက်ခံရချက်ကြောင့် သတိလစ်သွားခဲ့တယ်ပြန်လည်သတိရလာချိန်မှာတော့ ကရစ်နဲ့ သူမသာသိတဲ့ လျှို့ဝှက်မြေအောက်ခန်းထဲမှာ ရောက်နေခဲ့ပြီ
ဝါရဒါတစ်ယောက် ချစ်သူကရစ်က သတ်ခဲ့တာဆိုတဲ့ စိတ်နဲ့ ချမ်းအေးတဲ့ဒဏ် ဆာလောင်တဲ့ဒဏ်တွေကြောင့် သေဆုံးခဲ့ရတယ်
ဝါရဒါမသေခင် ပြန်လည်မွေးဖွားလာရင် သူမကို နာကျင်စေခဲ့သူတွေကို ပြန်လည်လက်စားချေနိုင်မယ့် စွမ်းအားများရရှိပါစေလို့ ဆုတောင်းခဲ့တယ်
ဒီဆုတောင်းတွေကြောင့် ဝါရဒါတစ်ယောက် သဘာဝလွန်စွမ်းအားတွေနဲ့ နတ်ထမွန်အဖြစ် ပြန်လည်မွေးဖွားလာခဲ့တယ်
နတ်ထမွန်ကြီးပြင်းလာတဲ့အခါ သူမ မက်နေတဲ့အိပ်မက်ဆိုးတွေက ဘာလဲဆိုတာ လိုက်ရှာရင်း လက်စားချေနိုင်ဖို့ ကြိုးစားပါတော့တယ်
နတ်ထမွန်တစ်ယောက် ကရစ်ကို တွေ့ချိန်မှာ သူမကို သေစေခဲ့သူဆိုပြီး လက်စားချေနိုင်ဖို့ကြိုးစားပေမယ့်
ကရစ်ကတော့ ဝါရဒါဆုံးပါးကတည်းက တကိုယ်တည်းနေခဲ့ပြီး ချစ်ရသူမိန်းကလေးပြန်လာတာကို ပျော်ရွှင်နေခဲ့ပါတယ် ( အသက်ကတော့ ၂၀လောက်ကွာပါပြီ ဦးနဲ့သမီးပေါ့🤣)
လွန်ခဲ့တဲ့ နှစ်၂၀က ဝါရဒါသေဆုံးမှုက တကယ်ပဲ ကရစ်လက်ချက်လား ဘယ်သူတွေ ပါဝင်ပတ်သတ်နေဦးမလဲ
ကရစ်ကရော ချစ်ခဲ့သူမိန်းကလေး သူ့ကိုတဖန်ပြန်ချစ်လာအောင် လုပ်နိုင်မလား
အချစ်နဲ့သဘာဝလွန်ဖြစ်ရပ်တွေ စုပေါင်းထားတဲ့ "ဆုတောင်းခြင်းရဲ့စွမ်းအား" ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်