Movie Name
Breaking In (2018)
Year
2018
Generes
Action, Crime
Code
EN0271
Type
Movie
Size
750 MB
Country
Hollywood
Description
Breaking In ဆိုတဲ့ကားလေးကတော့ ရဲရင့်တဲ့ အမေ တစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ ရှောင်ကတော့ နာမည်ကျော် စီးပွားရေးသမားတစ်ဦးရဲ့ သမီးဖြစ်ပါတယ် ဒါပေမဲ့ သူ့အဖေနဲ့ စကားမပြောဖြစ်တာလည်း အတော်ကြာခဲ့ပါပြီ သူ့အဖေကလည်း အခွန်ရှောင်မှု့ငွေခဝါချမှု့တွေကြောင့် အစွပ်စွဲခံနေရတာပါ ဒီလို အစွပ်စွဲ အစစ်ဆေးခံနေရချိန်မှာပဲ ရှောင်ရဲ့အဖေကသေဆုံးသွားပါတယ် ဒီတော့ရှောင်က သူ့အဖေဆီကနေ မြို့ပြင်က အိမ်တစ်လုံးကို အမွေဆက်ခံရတာပေါ့ % buffered 00:00 -00:01 Download Your browser does not support the video tag. အဲ့အိမ်မှာပဲ သူကြီးပြင်းခဲ့ရသလို အဲ့အိမ်မှာပဲ သူနာကြည်းရတဲ့ သူ့အဖေကို မုန်းရတဲ့ အငွေ့အသက်တွေက ကျန်ရှိနေသေးတာမို့ သူက အဲ့အိမ်ကို ရောင်းဖို့ ပြင်ပါတယ် ဒါကြောင့် ပိတ်ရက်တစ်ရက်မှာ သူ့သားသမီး နှစ်ယောက်နဲ့ အတူ ရောင်းဖို့ ပြောင်းရွှေ့ဖို့သွားတာပေါ့ သူတို့ အဲ့အိမ်ကို ရောက်မှ သိရတာက အဲ့အိမ်ကြီးက အဆင့်မြင့် ဒိုင်းကာတွေ အပူအာရုံခံ ကိရိယာတွေ လှုပ်ရှားမှု့အာရုံခံကိရိယာတွေတပ်ဆင်ထားတယ် ဆိုတာပါပဲ အဲ့အချိန်မှာပဲ သူတို့အိမ်ကို လူတစ်သိုက်က ဖောက်ဝင်ပြီး သူ့ကလေးတွေကို ထိန်းသိမ်းထားပါတော့တယ် လူဆိုးတစ်သိုက်က ရှောင်ရဲ့ အဖေ သိမ်းထားရစ်ခဲ့တဲ့ ပိုက်ဆံတွေကို လိုချင်တာဆိုပါတော့ ဒါပေမဲ့လည်း ရောက်နေတဲ့ ခလေးနှစ်ယောက်က မျက်မြင်သက်သေဖြစ်နေတဲ့ အပြင် အဖိုးကြီးရဲ့မြေးတွေလည်းဖြစ်နေလို့ ထိန်းသိမ်းထားရတာပေါ့ ဒီလို အပြင်ကနေဖောက်ဝင်ဖို့ မလွယ်တဲ့ အိမ်ထဲကို မိန်းမသားဖြစ်တဲ့ ရှောင်တစ်ယောက် ဘယ်လို ဝင်ပြီး လူဆိုးတွေလက်ထဲကဘယ်လိုကယ်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသာရစ်ပါ)