Movie Name
ဘုရင့်သမီးတော်ရဲ့ချစ်သူတပ်မှုးလေး
Year
2018
Generes
Drama
Code
ST0210
Type
Series
Size
4.23 GB
Country
Thai
Description
ဇာတ်လမ်းလေးကတော့ .... "ကျောဆယ်ဂျန်တ"ဆိုတဲ့ဘုရင့်သမီးတော် တော်ဝင်ထိပ်ထားလေးရဲ့ အလှအပတွေနဲ့စတင်တယ်ဆိုပါတော့.... ချစ်စနိုးနဲ့ "ကျောဂျိုင်"လို့ အများကခေါ်ကြတဲ့သူမဟာ မွေးဖွားလာစဉ်ကတည်းက လိပ်ပြာလေးတွေရဲ့ စောင့်ရှောက်ကောက်ကွယ်ပေးမှုကိုရခဲ့တဲ့ဘုရင့်သမီးတော်လေးပေါ့နော် "ဂျိုင်ပြည်"မင်းသမီးလေး "ကျောဆယ်ဂျန်တ"ကို ပိုင်ဆိုင်ရတဲ့ယောက်ျားတိုင်းဟာ ဘုန်းတန်ခိုးစွမ်းအားတိုးပွားပြီး အထွတ်အထိပ်ကိုရောက်နိုင်မယ်ဆိုတဲ့ ဟောပြောချက်ကြောင့် လှပတဲ့သူမရဲ့ဘဝဟာ လောဘအာဏာမက်တဲ့ ဗိုလ်ချုပ်ကြီးအန်ကူရဲ့သိမ်းပိုက်ခြင်းခံရဖို့ဖြစ်လာတဲ့အခါ...... "ဂျိုင်ပြည်"အသိမ်းခံပြီးနောက် "၍ကျောဂျိုင်" နဲ့အတူ သူမရဲ့အထိန်းတော် အွန်ခမ်းတို့ဟာ လောဘသားတွေရဲ့ သိမ်းပိုက်ခြင်းမခံရဖို့အတွက် ထွက်ပြေးဖို့ဖြစ်လာခဲ့ရပါတော့တယ်.... "ယူပရာ"ဆိုတာက ဘုရင့်ကိုယ်ရံတော်မှူး"အာကန်ဆင့်"ရဲ့ သားဖြစ်ပြီး "ပါဆု"ကတော့ ထိုင်းနိုင်ငံမှစစ်ပညာလာသင်တဲ့ဗိုလ်လေးပါ "ပါဆု" နဲ့ "ယူပရာ" တို့စစ်သည်တော်နှစ်ယောက်ဟာ "ဂျိုင်ပြည်" ဘုရင် မိဖုရား နဲ့ ဘုရင့်သမီးတော်တို့ကို ကယ်တင်ဖို့အတွက် အမေရိကန်အထူးတပ်ဖွဲ့ရဲ့စေလွှတ်ခံခဲ့ရပါမယ် ခင်မင်ရတဲ့သူငယ်ချင်းဖြစ်သူ တိတ်တခိုးချစ်နေရတဲ့ ဘုရင့်သမီးတော်လေး "ကျောဂျိုင်"ကို အထိန်းတော်ထင်မှတ်ပြီး မှားယွင်းကယ်တင်ခဲ့ရင်းချစ်မိသွားတဲ့ "ပါဆု"တစ်ယောက် .... သူချစ်ရတဲ့တော်ဝင်ပန်းလေးကို တကယ်ရော ချစ်ခွင့်ရနိုင်ပါ့မလား....? နိုင်ငံချင်းမတူဘဲ ကွာခြားလှတဲ့ သူတို့ရဲ့ချစ်ခြင်းဟာ တကယ်ရော ဖြစ်လာနိုင်ပါ့မလား....?