-
Movie Name
-
Love Code (အချစ်လျို့ဝှက်ကုဒ်)
-
Year
-
2020
-
Generes
-
Drama, Romance
-
Code
-
ST0213
-
Type
-
Series
-
Size
-
11.9 GB
-
Country
-
Thai
-
Description
-
အချစ်လျို့ဝှက်ကုဒ်
ပါလိုင် ဆိုတာက ငယ်စဉ်ကတည်း ရွှေဘုံပေါ်မှာ စံမြန်းကာ
ကြီးပြင်းလာခဲ့တဲ့ ဘီလီယံနာမိသားစုရဲ့ အမွေဆက်ခံသူတစ်ယောက်ပေါ့
တစ်နေ့ သူ့မိဘတွေ နှစ်ပတ်လည်းပွဲနေ့ ကန့်ကို သွားတဲ့လမ်းမှာပဲ
မသမာသူ လူတစ်စုရဲ့ အကောက်ကြံစည်မှုကို ခံရပြီး ဆုံးပါးသွားပါတော့တယ်
ပါလိုင်တစ်ယောက် မိဘဖြစ်သူတွေကို ဆုံးရှူံးလိုက်ရတဲ့အပြင်
သူ့မိဘတွေ ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာအားလုံး
ကုမ္ပဏီအပါအဝင်ပါ ဆုံးရှူံးလိုက်ရပါတယ်
ပါလိုင်တစ်ယောက် သူပိုင်ဆိုင်ခဲ့သမျှ အရာအားလုံးဟာ
အန်တီစီ နဲ့ သူ့သမီး ဆီကို လွှဲပြောင်းပေးလိုက်ရပါတယ်
အစကတော့ သူ့အန်တီစီကို သူ့အပေါ် စစ်မှန်ခဲ့တယ်
မိသားစုသဖွယ် သတ်မှတ်တယ်လို့ ပါလိုင် ထင်နေခဲ့တယ်
နောက်ရောက်လာတော့
ပါလိုင် အန်တီစီ နဲ့ သူ့သမီး သရုပ်မှန်ကို သိလိုက်ရပါတော့တယ်
နောက်ပြီး သူ့မိဘတွေကို သေအောင် လုပ်ခဲ့တဲ့ တရားခံက
အန်တီစီဆိုတာ သိသွားခဲ့ပါတော့တယ်
အန်တီစီဆိုတာ ပါလိုင် မေမေ့ရဲ့ ဖအေတူ မအေကွဲ ညီမပါ
ပါလိုင့်အဘိုးက ပါလိုင့်မေမေ ရဲ့ မိခင်ကိုပဲ အမွေတွေအကုန်ပေးခဲ့ပြီး
သူ့မိခင်ကို ဂရုမစိုက်ပဲ ဆင်းရဲတွင်းထဲ ပစ်ထားခဲ့တာကို စတေးပြီး
သူ့ပိုင်ဆိုင်သင့်တဲ့အရာတွေကို ပြန်ယူဖို့
ပါလိုင်တို့မိသားစုထဲကို အသနားခံအကြောင်းပြပြီး
ခြေစုံဝင်ချလာပါတော့တယ်
နောက်ပြီး ပါလိုင့်မိဘတွေ သေဆုံးမှုက
ခွန်စီဝရဲ့ ဖခင်နဲ့ ပတ်သက်နေတာကိုပါ
ပါလိုင် သိလိုက်ရပါတော့တယ်
ခွန်စီဝဆိုတာက အန်တီစီ့သမီး ဂျန်ဂျရန်နဲ့
စေ့စပ်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီပိုင်ရှင်တစ်ယောက်ပေါ့
အန်တီစီ့ရဲ့သရုပ်မှန်ကို သိရပြီးနောက် ပါလိုင်တစ်ယောက်
သူ့မိဘတွေ ပိုင်ဆိုင်သမျှ အရာအားလုံးကို ပြန်ယူဖို့
ပတ်သက်ခဲ့သူအားလုံးကို ကလဲ့စားစချေခဲ့ပါတော့တယ်
အဲ့ဒါကတော့ ဂျန်ဂျရန့်ဆီကနေ စေ့စပ်သူ ခွန်စီဝကို လုယူပြီး လက်စားပြန်ချေမှာပါ
ခွန်စီဝကတော့ ပါလိုင့်ကစားပွဲရဲ့ ချက်စ်(chess)သဖွယ်ဖြစ်လာပါတော့တယ်
အဲ့ဒီနောက်တော့ အချင်းချင်း နီးစပ်သွားကြရာက
အချစ်တစ်ခု ပေါက်ဖွားလာပါတော့တယ်
ပါလိုင်တစ်ယောက်ရော သူချစ်ရတဲ့ ခွန်စီဝကို ဂရုမစိုက်ပဲ
သူ့မိဘတွေကို သတ်ခဲ့တဲ့သူတွေကို ကလဲ့စားပြန်ချေသွားမှာလား?
ခွန်စီဝကိုပဲ ရွေးချယ်ပြီး အေးချမ်းတဲ့ ဘဝကို ရွေးချယ်သွားမလား?
ခွန်စီဝကရော ?
ပါလိုင်က သူ့ကို လက်စားချေချင်တဲ့အတွက် ချဉ်းကပ်လာတာကို သိသွားရင်ရော
ခွင့်လွှင့် ပေးနိုင်မလား? မုန်းတီးသွားမလား?
သိသွားတဲ့အချိန်မှာရော အရာရာက နောက်ကျလွန်းသွားလေမလား?
ဆိုတာ စိတ်ဝင်စားဖွယ် လျို့ဝှက်ကုဒ်ကစားပွဲမှာ အားပေးကြည့်ရှုကြပါဦးနော်