Movie Name
Distorted (2018)
Year
2018
Generes
Action, Thriller
Code
EN0277
Type
Movie
Size
699 MB
Country
Hollywood
Description
ဒီဇာတ်ကားလေးကတော့ Mystery, Thriller ဇာတ်ကားဇာတ်အေးလေးတစ်ကားဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးဇာတ်လမ်းတွေပဲကြည့်ချင်ရင်တော့ လက်ရှောင်သွားဖို့အကြံပြုချင်ပါတယ်။လူတိုင်းကြိုက်မဲ့ကားမျိုးမဟုတ်ပေမယ့် ကြိုက်တဲ့လူတိုင်းကတော့ အကောင်းဆုံးထဲမှာပါတယ်လို့ပြောကြမှာပါ။ဒီကားထဲမှာ စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်တွေနည်းပညာရဲ့ကြောက်စရာကောင်းတဲ့သက်ရောက်မှုတွေကို စိတ်ဝင်တစားတွေ့ရမှာပါ။စုံထောက်ကားကြိုက်သူတွေ သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်သူတွေအတွက်အရမ်းကိုအကြိုက်တွေ့စေမှာပါ။ နာမည်ကြီးမင်းသမီးမင်းသားများဖြစ်တဲ့ Christina Ricci နဲ့ John Cusack သရုပ်ဆောင်ထားပါတယ်။ ၃၂နှစ်အရွယ် သားတစ်ယောက်ဆုံးပါးသွားလို့စိတ်ကျရောဂါဖြစ်နေတဲ့ Lauren တစ်ယောက် သက်တောင့်သက်သာပိုရှိစေဖို့ The Pinnacle ဆိုတဲ့ ခေတ်မှီအိမ်ယာမှာရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့ရဲ့စိတ်ကျရောဂါဟာသက်သာမလာပဲ ပိုဆိုးလာသလိုဖြစ်နေပြီးတော့ ထူးဆန်းတာတွေမြင်နေကြားနေရပါတယ်။အဲဒါတွေက သူရဲ့စိတ်ထဲမှာပဲဖြစ်နေတာလား တကယ်ဖြစ်နေတာလားသူ့ရဲ့ခင်ပွန်းဖြစ်သူကရော သူ့ကိုကူညီပေးနိုင်ပါမလားဆိုတာကတော့…. (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)