-
Movie Name
-
The Eight (အဌဂံ)
-
Year
-
2020
-
Generes
-
Action, Drama
-
Code
-
SC0257
-
Type
-
Series
-
Size
-
5.6 GB
-
Country
-
China
-
Description
-
(မြန်မာစာတန်းထီုး) ĤĐ Ép 1 ț-ø 34 Êñđ (စ-ဆုံး)
အဖြူရောင်သူငယ်ချင်းလေးထဲက ချစ်မွေးလေး လီကျန်းကျန်းနဲ့ Hero's Dream (2018) ထဲကမင်းသား ဟန်ရှင့် Oho Ou တို့ရဲ့ The Eight ဆိုတဲ့ကားလေး တော်လှန်ရေးကားကောင်းလေး မကြည့်ရသေးတဲ့သူတေအတွက်ပါ
ဒီဇာတ်ကားမှာတော့ တရုတ်ရဲ့ တော်လှန်ရေးစစ်ပွဲကာလကိုနောက်ခံထားပြီး လွတ်လပ်ရေးရဖို့ကြိုးပမ်းချိန် မတူညီတဲ့အားပြိုင်မှုတွေကြား တရုတ်နိုင်ငံဆိုတာဖြစ်လာဖို့ ကြိုးစားရုန်းကန်ရတဲ့
အချိန်တွေကိုမြင်ရမှာပါ။
ဟွားမင်ချူဟာ သာမန် တက္ကိသိုလ်ကျောင်းသားလေးတစ်ယောက်ပါ။ ဒါပေမဲ့ ကံကြမ္မာရဲ့ တိုက်ဆိုင်မှုတွေကြောင့် ကျောင်းသားအဖြစ်ကနေ တိုင်းပြည်ရဲ့ အရှုပ်အထွေးလောကထဲ ဝင်ရောက်ကာ နိုင်ငံရေးသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း မတူညီတဲ့အားပြိုင်မှုတွေကြား ကြား၀င်ရင်း တိုင်းပြည်နဲ့လူမျိုးအတွက် သူ့ရဲ့ကြိုးစားပုံတွေကိုမြင်ရမှာပါ။
ဒီလိုနဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေအဖြစ် မတူညီတဲ့နောက်ခံပေါင်းစုံက ထူးချွန်သူတွေလည်း ပါ၀င်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဟွားမင်ချူဟာ တိတ်တိတ်ပုန်း မြေအောက်တော်လှန်ရေးအဖွဲ့ The Eight ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပြီး တစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှုတွေကို တွေ့မြင်ကြရမှာပါ။
ဒီဇာတ်ကားကို တရုတ်မှာ ဒီလ ၁၂ ရက်နေ့ကနေ စလွှင့်မှာဖြစ်ပြီး အပိုင်း ၃၄ ပိုင်းပါ၀င်လာမှာပါ။ သိုင်းကားလို ရှေးခေတ်လည်းအရမ်းမကျ ၊ ခုခေတ်ဒရမ်မာကားတွေလို ခေတ်ဆန်ဆန်လည်း မဟုတ်ပဲ တမူထူးခြားတဲ့ အချိန်ကာလတွေ နောက်ခံတွေ ၀တ်စားဆင်ယင်ပုံတွေကိုတွေ့မြင်ခံစားကြရမှာပါ။ ကဲ ဒါဆိုရင်တော့ ထုံးစံအတိုင်း Soulkingdom မှာ အပတ်စဉ်စောင့်မျှော်ရှုစားတော်မူကြပါကုန်