-
Movie Name
-
Siberia (2018)
-
Year
-
2018
-
Generes
-
Crime, Thriller
-
Code
-
EN0285
-
Type
-
Movie
-
Size
-
799 MB
-
Country
-
Hollywood
-
Description
-
ဒီတစ်ခါမှာတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ John Wick မင်းသားကြီး Keanu Reeves ရဲ့ဇာတ်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။Romance, Crime, Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ Matthew Ross က ရိုက်ကူးပုံဖော်ထားပါတယ်။ဇာတ်လမ်းအကျဉ်း
==========
Lucas Hill ဟာ အမေရိကန်စိန်ကုန်သည်တစ်ဦးဖြစ်ပါတယ်။တစ်ရက်မှာ အပြာရောင်စိန်တွေကို ရောင်းဖို့ရုရှားကဝယ်လက်တစ်ဦးနဲ့ချိတ်ဆက်မိသွားတဲ့အခါ အရောင်းအဝယ်ဖြစ်မြောက်ရေးအတွက်ရုရှားနိုင်ငံကိုထွက်လာခဲ့ပါတော့တယ်။သို့ပေမယ့် ရုရှားအရောက်မှာတော့ သူ့စိန်တွေကို ထိန်းသိမ်းပေးထားတဲ့ ပါတနာဖြစ်သူ Pyotr ဟာ စိန်တွေနဲ့အတူပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်။
တစ်ဖက်ဝယ်လက်ဟာ မာဖီးယားဆန်ဆန်လူဆိုးဂိုဏ်းဖြစ်တာကြောင့် အရောင်းအဝယ်သာမဖြစ်ရင် သူ့အသက်ရန်ရှာခံရမယ်ဆိုတာကိုသိတဲ့ Lucas ဟာ ပျောက်သွားတဲ့ပါတနာနဲ့စိန်တွေကို အပူတပြင်းလိုက်ရှာရပါတော့တယ်။
Pause
00:00
-00:03
Mute
Settings
PIP
Enter fullscreen
Download
အဲဒီလိုလိုက်ရှာရင်းနဲ့ ယမကာဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ Katya ဆိုသူနဲ့ ငြိစွန်းမိသွားတဲ့အခါမှာ အခြေအနေတွေက ပိုပြီးရှုပ်ထွေးလာပါတော့တယ်။ဒီလိုရှုပ်ထွေးတဲ့အခြေအနေကို Lucas တစ်ယောက် ဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ဒီဇာတ်ကားဟာ Crime Thriller ကားသာဖြစ်တဲ့အတွက်ကြောင့်John Wick လို အက်ရှင်ဇာတ်ကြမ်းမျိုးသာကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက်တော့ စိတ်မကောင်းပါဘူး။အက်ရှင်အခန်းတွေဖောဖောသီသီကြီးမပါဝင်တဲ့ခပ်အေးအေးဇာတ်လမ်းသာဖြစ်ပေမယ့် ရှေ့ဘာဆက်ဖြစ်မလဲဆိုတဲ့သိချင်စိတ်နဲ့ ဇာတ်လမ်းကိုအဆုံးထိဆွဲခေါ်သွားမှာပါ။မင်းသားကြီး Keanu Reeves ရဲ့ ပရိသတ်လည်းဖြစ်တယ် Thriller ကားတွေကိုလည်းနှစ်ခြိုက်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို သဘောတွေ့မှာအသေအချာပါပဲ။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Myo Thant Kyaw ပါ)