-
Movie Name
-
Welcome To Mercy (2018)
-
Year
-
2018
-
Generes
-
Thriller
-
Code
-
EN0292
-
Type
-
Movie
-
Size
-
853 MB
-
Country
-
Hollywood
-
Description
-
အချစ်ဆိုတာ ဧဒင်ဥယျာဉ်ထဲက တားမြစ်ထားတဲ့ ပန်းသီးတစ်လုံးတဲ့။အာဒမ်နဲ့ ဧဝတို့ ပန်းသီးကိုစားမိကြလို့ အပြစ်ပေးခံရကြပါတယ်။အဲဒီကစပြီး လူသားနဲ့ချစ်ခြင်းတရားက ဒွန်တွဲနေလာကြပါရောလား။Welcome to Mercy (2018) ဆိုတဲ့ Triller အမျိုးအစားဇာတ်ကားလေးကတော့ တားမြစ်ခံထားရတဲ့ အချစ်ဇာတ်လမ်းလေးအကြောင်း ရင်တုန်စရာတင်ဆက်ပေးထားပါတယ်။တစ်ကိုယ်တည်းအမေတစ်ယောက်ဖြစ်တဲ့ Mandaline ဟာ သူ့အဖေ နေမကောင်းတဲ့သတင်း စာရတဲ့အတွက် သမီးလေး Willow နဲ့အတူလာတွေ့ခဲ့ပါတယ်။
မိဘအိမ်မှာ ခဏနေရင်း ခန္ဓာကိုယ်ပေါ်မှာ လက်ဝါးကပ်တိုင်မှာ ကပ်ဖို့ သံနဲ့ရိုက်ခံရသလို ဒဏ်ရာတွေပေါ်လာခဲ့တဲ့အတွက် ခရစ်ယာန်ဘုန်းကြီးတစ်ပါးနဲ့ သီလရှင်ကြီးတစ်ဦးတို့ဆီ အကူအညီရယူပြီး မြင်ရတဲ့အရာတွေ မမြင်ရတဲ့အရာတွေ အကြောင်း နားလည်လာအောင် ကြိုးစားခဲ့ပါတယ်။
အရမ်းကြောက်စရာကောင်းတဲ့ဇာတ်ကားတစ်ကားမဟုတ်ပေမယ့် နောက်ဘာဖြစ်မလဲဆိုတာ စိတ်ဝင်စားအောင်ပြသွားနိုင်တယ်လို့ထင်ပါတယ်။နောက်ဆုံးမှာလည်း မထင်ထားတဲ့ လှည့်ကွက်တစ်ခုနဲ့ အဆုံးကိုဆွဲခေါ်သွားပြီး အဆုံးမှာ သို့လော သို့လောနဲ့ တွေးစရာတစ်ခုထပ်ပေးသွားပါသေးတယ်။ဒီသိပ်မကြောက်ရတဲ့ ကြောက်စရာဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 5.2 ရှိပါတယ်။ဒီဇာတ်ကားထဲက အကြိုက်ဆုံး စာသားလေးကတော့ “အချစ်ထက်သန့်ရှင်းစင်ကြယ်တာ ဘုရားသခင်ပဲရှိတယ်” ဆိုတဲ့ Father Frank ရဲ့ စာသားလေးပဲဖြစ်ပါတယ်။ (d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်)