-
Movie Name
-
Double Dad (2021)
-
Year
-
2021
-
Generes
-
Comedy, Drama, Family
-
Code
-
EN0295
-
Type
-
Movie
-
Size
-
677 MB
-
Country
-
Hollywood
-
Description
-
Double Dad(2021)မိဘမစုံမလင်နဲ့ ကြီးပြင်းလာရတဲ့ ကလေးလေးတစ်ယောက်ရဲ့
အလိုအပ်ဆုံးအရာဟာ ဘာဖြစ်နိုင်မလဲ?
ငွေကြေးချမ်းသာမှုလား ချစ်ခြင်းမေတ္တာလား?????
ဒါမှမဟုတ် ပြီးပြည့်စုံတဲ့မိသားစုဘဝလား?????အမေတစ်ခု သမီးတစ်ခု ဘဝနဲ့နေလာခဲ့ရတဲ့
ဗီဇင်ဆာဟာ သူ့အဖေကိုတွေ့ရဖို့အတွက်
၁၈နှစ်လုံးလုံးမျှော်လင့်ခဲ့ရပါတယ်။
အမေဖြစ်သူကိုမေးပေမယ့် တွေ့ဖို့အချိန်မတန်သေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့
ခဏခဏ အငြင်းခံရပြီးတဲ့နောက်မှာတော့
ကိုယ်တိုင် အဖေရှာပုံတော်ဖွင့်ဖို့ ကြိုးစားပါတော့တယ်။ကျင့်စဥ်တွေလိုက်စားတတ်တဲ့အမေဟာ ဘာသာရေးကိစ္စနဲ့
အိန္ဒိယကိုသွားဖို့အကြောင်းဖန်လာတဲ့အခါမှာတော့
ဗီဇင်ဆာတစ်ယောက် အဖေရှာပုံတော်ဖွင့်ဖို့အခွင့်အရေးရရှိလာပါတော့တယ်။အဖေရှိရာမြို့ဆီ ခြေဆန့်လို့ ရှာဖွေရင်းကနေ
အဖေဖြစ်နိုင်ခြေရှိတဲ့သူဟာ တစ်ယောက်တည်းမဟုတ်ဘဲ နှစ်ယောက်ဖြစ်နေတဲ့အခါ
ဗီဇင်ဆာတစ်ယောက် အဖေရင်းကိုရှာဖွေတွေ့နိုင်ပါ့မလား။
အမေကရော ဘာဖြစ်လို့ အဖေရင်းအကြောင်းကို မပြောပြချင်ရတာလဲ?
သူမရဲ့အဖေတွေကရော သူမကိုသမီးအဖြစ်လက်ခံနိုင်ပါ့မလားဆိုတာကို
ရှုခင်းကောင်းကောင်း နောက်ခံတေးသွားလှလှလေးတွေနဲ့
ပြီးသွားလို့ပြီးသွားမှန်းမသိလောက်အောင် မျောပါသွားတဲ့အထိ
တင်ဆက်ထားတဲ့ ပေါ်တူဂီဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့ ကြည့်ဖို့ ညွှန်းပါရစေ။