-
Movie Name
-
The Fugitive (1993)
-
Year
-
1993
-
Generes
-
Action, Crime, Drama
-
Code
-
01096
-
Type
-
Movie
-
Size
-
1.04 GB
-
Country
-
Hollywood
-
Description
-
ဒီတစ်ခေါက်မှာဆိုရင်ရင်တော့ Old But Gold တွေထဲက တစ်ကားဖြစ်တဲ့ The Fugitive ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာဆိုရင်တော့ IMDb Rating- 7.8/10 ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Harrison Ford နဲ့ Tommy lee Jones တို့လို မင်းသားကြီးတွေပါဝင်ထားတဲ့ Action , Crime , Drama ဇာတ်ကားအမျိုးအစားလည်းဖြစ်ပြီး ထို ၁၉၉၃ ခုနှစ်ပတ်ဝန်းကျင်ကနေ အခုထိ ကြည့်ရှု့လို့မရိုးနိုင်လောက်အောင် ဇာတ်လမ်းဇာတ်အိမ်ခိုင်မာပြီး ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဖြင့်ပဲ မင်းသားကြီး Jones က Best Supporting Actor ဆုကို ရခဲ့တာဖြစ်သလို ၁၉၉၃ ခုနှစ်မှာ ဝင်ငွေအကောင်းဆုံးဇာတ်ကားလည်း ဖြစ်ခဲ့ပါသေးတယ်။ ဒီဇာတ်ကားကို ညွန်းရမယ်ဆိုရင် ဇာတ်လမ်းကိုတော့ Chicago မြို့မှာထင်ရှားတဲ့ အရိုးခွဲစိတ်ဆရာဝန် Richard အကြောင်းကို အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ Richard ဟာဆိုရင် သူ့မိန်းမ သေဆုံးမှု့မှာ တရားခံအဖြစ်ဆွဲချက်တင်ခံရပြီး သက်သေများက သူ့ဆီပဲ ဦးတည်နေတာကြောင့် တကယ်မသတ်ဘဲ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ထို့နောက် Chicago မြို့ထဲမှ သူအပါအဝင်ဖြစ်သော ထောင်ကားဟာ lllINOISသို့ မောင်းနှင်လာခဲ့ပါတယ်။ လမ်းတစ်ဝက်အရောက်မှာပဲ ထောင်သားတွေက ရုန်းရင်းဆန်ခက် ပြုလုပ်တာကြောင့် သူပါလာသော ထောင်ကားတိမ်းမှောက်ပြီး Richard တစ်ယောက် လွတ်မြောက်သွားခဲ့ပါတယ်။ထိုမှစပြီး လွတ်မြောက်သွားသော Richard ကို ပြန်ဖမ်းဆီးဖို့အတွက် အရာရှိSamuel Gerard ကို တာဝန်ပေးလိုက်ပါတယ်။ အလုပ်မှာ အရမ်းတိကျပြီး တော်သော အရာရှိ နဲ့… လူသတ်တရားခံအဖြစ်ဆွဲချက်တင်ခံရတဲ့ Richard….. ကဲ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှု့ကြပါတော့…။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Htet Yupar ဖြစ်ပါတယ်)