-
Movie Name
-
Money Flower
-
Year
-
2017
-
Generes
-
Drama
-
Code
-
SKR0418
-
Type
-
Series
-
Size
-
11.6 GB
-
Country
-
Korea
-
Description
-
Money Flower(2017)အညွှန်း
***************************
အပိုင်း( ၁ မှ ၂၄) ထိ စ/ဆုံး
ညီအစ်ကို(၂)ယောက်ဟာကျောင်းသားဝတ်စုံ လူငယ်တစ်ယောက်နဲ့ရုန်းရင်းဆန်ခတ်ြဖစ်နေတယ်…အဲ့ဒီမှာ ကျောင်းသားဝတ်စုံနဲ့
လူငယ်က အကိုဖြစ်သူကို ဓားနဲ့ထိုးမိသွားတယ်…ရဲစခန်းကိုရောက်သွားတယ်…ရဲတွေက
အကိုြဖစ်သူကို ဓားနဲ့ထိုးတာဘယ်သူလဲမေးတော့ အကိုဖြစ်သူရဲ့အဖြေကအံအားသင့်စရာကောင်းလှတယ်…
Pause
00:00
-00:06
Mute
Settings
PIP
Enter fullscreen
Download
သူ့ညီကိုလက်ညှိုးထိုးပြီးတော့ သူထိုးတာပါတဲ့…ညီဖြစ်သူထောင်ကျသွားတယ်…ပျော့စိစိနဲ့ ညီဖြစ်သူအား
ဒီအဖြစ်အပျက်ကိုမယုံနိုင်ဘူး….ညီအကိုအရင်းကိုလက်ညှိုးပြန်ထိုးပြီး ထောင်ထဲပို့ရလောက်အောင် ဘယ်အရာတွေကများ
အကိုဖြစ်သူရဲ့စိတ်ကိုလှည့်ဖျားစေတတ်တာလဲ…
နောက်မှသိလိုက်ရတာက ကျောင်းဝတ်စုံနဲ့လူငယ်ဟာ ကိုးရီးယားအင်အားကြီးစီးပွားရေးအင်ပါယာတစ်ခုဖြစ်တဲ့
ချောင်းအာအုပ်စုရဲ့သားတစ်ယောက်ဖြစ်နေတာပဲ… ဘယ်လိုဘဝကိုမဆိုချနင်းနိုင်တဲ့အစွမ်းဟာ ငွေနဲ့ အာဏာဆိုတာကို
ညီဖြစ်တဲ့ ကောင်လေးဟာသဘောပေါက်သွားတယ်….အဲ့ဒီနောက်တော့ သူဟာ ဘယ်လိုရည်ရွယ်ချက်တွေရှိမှန်းမသိပေမယ့်
ချောင်းအာဂရုရဲ့ သားဖြစ်သူဆီမှာ ထောင်ကထွက်ပြီးနောက်ပိုင်း ဒူးထောက်ရင်း သူ့ကို သူငယ်ချင်းဖြစ်ခွင့်ပေးဖို့တောင်းဆိုရင်း
ဒီအသိုင်းအဝန်းထဲကို ဝင်ဖို့ကြိုးစားပါတော့တယ်….
ဒီစီးရီးဟာ ဇာတ်အိမ်ကျယ်လွန်းလှသလို အပိုင်း(၁)မှာထဲက ဇာတ်ကောင်အလိုက် စရိုက်တစ်ခုချင်းဆီကို
ခပ်သွက်သွက်ခင်းတယ်….ပြီးတော့ အဓိကမင်းသားဖြစ်သူရဲ့ရည်ရွယ်ချက်ဟာ အတော်ကြီးတယ်ဆိုတာကို
တဖြည်းဖြည်းပြထားတယ်…သူဟာ သိပ်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားနေသလို
ငွေနဲ့အာဏာကို လိုသလို အကွေ့ေ၇ွှ့နိုင်ဖို့ ကစားနည်းမျိုးစုံ ကစားဖို့ စနစ်တကျစီစဉ်နေတာကိုလည်းတွေ့ရတယ်…
နိုင်ငံရေးနဲ့ဆိုင်တဲ့ကိစ္စတွေပါသလို လူပေါ်လူဇော်နည်းမျိုးစုံ….ကိုယ်အဆင်ပြေစေဖို့ တစ်ခြားသူတစ်ယောက်ရဲ့
ဘဝကို နင်းချေဖို့ဝန်မလေးတဲ့သူတွေမျိုးစုံနဲ့မို့ ဒီဇာတ်လမ်းတွဲဟာ မိသားစုလိုက် Stay Home နေရင်း
ကြည့်ပြီးဆွေးနွေးလို့ကောင်းတဲ့ဇာတ်လမ်းတွဲမျိုး..ဉာဏ်ကစားတဲ့ မြေခွေးပေါင်းစုံရဲ့ အခင်းအကျင်းတွေကို
ကြည့်ရတာ မပျင်းမရိနဲ့ ဆွဲဆောင်အားတစ်မျိုးကောင်းလှတယ်…
..မင်းသားကနာမည်ကြီးJang Hyuk ဖြစ်သလို မင်းသမီးဖြစ်တဲ့ Park Se-young
ကလည်း မဟာဆန်တဲ့အလှနဲ့မို့ မျက်လုံးလည်းအေးချမ်းစေမှာဖြစ်ကြောင်း
သတင်းကောင်းပါးအပ်ပါတယ်…
အပိုင်း(၂၄)ပိုင်းရှိပါတယ်….တစ်ရက်ကို (၂)ပိုင်းနှုန်းတင်ဆက်ပေးသွားပါ့မယ်…