Movie Name
Penguin Bloom (2021)
Year
2021
Generes
Drama
Code
EN0316
Type
Movie
Size
892 MB
Country
Hollywood
Description
Penguin Bloom (2020)***********************=IMDB 6.7=Drama ကားကောင်း ငတ်နေကြသူများအတွက် နက်ဖလစ်က ကားလေးနဲ့ ရသေ့စိတ်ဖြေကြတာပေါ့။ဇတ်လမ်း Sam Bloomဆိုတဲ့ အမျိုးသမီးဟာ မိသားနဲ့အတူ ထိုင်းနိုင်ငံကို ခရီးထွက်ရင်း ကံမကောင်းစွာပဲ မျှော်စင်တစ်ခုပေါ်က ပြုတ်ကျပြီး ဒုက္ခိတဖြစ်သွားခဲ့ရတယ် ဝီးချဲနဲ့ဖြတ်သန်းရတဲ့ သူ့ဘဝမှာ သားသုံးယောက်အတွက် အမေတစ်ယောက်တာဝန်မကျေပွန်နိုင်တဲ့အခါ သူ့ကိုယ်သူမုန်းတီးမိလာပြီး အရာရာမှာမကြည်ဖြူဖြစ်လာတော့တယ် ယောက်ျားဖြစ်သူ Cameron Bloomကလည်း ဒုက္ခိတဇနီးသည်နဲ့ သားသုံးယောက်တာဝန်ကို မလစ်ဟင်းအောင် ထမ်းရွက်ရင်း ရုန်းကန်နေရရှာတယ်တနေ့မှာတော့ သားအကြီးဆုံးလေးNoah Bloomဟာ ကမ်းခြေကနေ အသိုက်ကွဲနေတဲ့ငှက်ပေါက်စလေးတကောင်ကို တွေ့လို့ သနားပြီးအိမ်ခေါ်လာခဲ့တယ်သူတို့မိသားစုဟာ ငှက်ကလေးရဲ့နာမည်ကို “Penguin”လို့ပေးဖို့ဆုံးဖြတ်ခဲ့ကြတယ်ယောက်ျားဖြစ်သူအလုပ်သွားချိန်နဲ့သားသုံးယောက် ကျောင်းသွားချိန်တိုင်းမှာ အိမ်မှာပဲ အထီးကျန်စွာကျန်ခဲ့တဲ့ ဒုက္ခိတ Sam Bloomအတွက် Penguinက အဖော်မွန်လေးဖြစ်လာတဲ့အခါ….မျှော်လင့်ချက်တွေပျက်သုဉ်းနေတဲ့ Sam Bloomတစ်ယောက် ကိုယ့်စိတ်ကို ဘယ်လို ပြန်လည်ထူထောင်နိုင်လာမလဲဆိုတာကိုတော့…. Blooms မိသားစုရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ခံစားကြည့်ရှုကြပါဦး