-
Movie Name
-
The Girl With The Dragon Tattoo (2011)
-
Year
-
2011
-
Generes
-
Crime, Thriller
-
Code
-
01098
-
Type
-
Movie
-
Size
-
1.21 GB
-
Country
-
Hollywood
-
Description
-
ငယ်စဉ်ကစပြီး ကြမ်းတမ်းတဲ့ဘဝတစ်ခုမှာနေထိုင်ဖြတ်သန်းလာရတဲ့ နဂါးရုပ်ပုံဆေးမင်ကြောင်နဲ့ မိန်းကလေးတစ်ယောက်ဟာ မိသားစုမရှိ အုပ်ထိန်းသူမရှိပဲ တိုင်းပြည်ရဲ့ထောက်ပံမှုနဲ့ ဘဝကိုဆိုးပေတေရင်း ဖြတ်သန်းနေခဲ့ပြီး တစ်ဖက်မှာတော့သူဟာ ထက်မြက်တဲ့စုံစမ်းရေးစိတ်ကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက်တစ်ဦးဖြစ်ပါတယ် ဂျာနယ်လစ်မီကယ်ဘလွန်းကစ်အဖြစ် သရုပ်ဆောင်ထားတဲ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ် ကတော့ဒီဇာတ်လမ်းမှာ နိုင်ငံရဲ့အကြီးမားဆုံးငွေကြေးအလွဲသုံးစားလုပ်မှုကို သက်သေမခိုင်ပဲဖော်ထုတ်မိလို့ အသရေဖျက်မှုနဲ့ရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ် ကျွန်းတစ်ကျွန်းပေါ်မှာနေထိုင်တဲ့ ဆွီဒင်ရဲ့အချမ်းသာဆုံးမိသားစုတစ်ခုက သူဋ္ဌေးကြီးတစ်ယောက်ဟာ လွန်ခဲ့တဲ့အနှစ်၄၀ကဖြစ်ပွားခဲ့တဲ့ လက်သည်မပေါ်ခဲ့တဲ့ မိသားစုအတွင်းလူသတ်မှုတစ်ခုကို သူ့ဘဝလက်ကျန်အချိန်တွေမှာအဖြေသိရဖို့ မီကယ်ဘလွန်းကစ်ကိုငြင်းဆန်လို့မရတဲ့ကမ်းလှမ်းမှုနဲ့ အဖြေရှာပေးဖို့ ကမ်းလှမ်းလိုက်ပါတော့တယ် ထိုအမှုဟာ ဘလွန်းကစ်ရဲ့ဂုဏ်သိက္ခာကိုပြန်လည်ဆယ်ယူဖို့ တိုင်းပြည်ရဲ့အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုတို့နဲ့ ပတ်သက်နေခဲ့ပြီး ဘလွန်းကစ်နဲ့အတူ နဂါးရုပ်ဆေးမင်ကြောင်နဲ့မိန်းကလေးပါ စုံစမ်းရေးထဲကို ပါဝင်လာတဲ့အခါမှာတော့…. Millennium Trilogy ရဲ့အောင်မြင်ခဲ့တဲ့ပထမဆုံးဝတ္တု ဖြစ်တဲ့The girl with the dragon tattoo ဝတ္တု ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာလည်းအောင်မြင်ခဲ့ပြီး Imdb7.8နဲ့ RT86%ရရှိထားတဲ့ crime flim အမျိုးအစားဖြစ်ပါတယ် actionခန်းတွေပါဝင်မှုနည်းပြီး action ဇာတ်လမ်း ကြိုက်သူတွေ မကြည့်သင့်တဲ့ရုပ်ရှင်မျိုး ဖြစ်ပါတယ် 18+အခန်းတစ်ချို့လိင်ပိုင်းဆိုင်ရာ ကြမ်းတမ်းတဲ့ဇာတ်ဝင်ခန်းတချို့ ပါဝင်ပါတယ် တစ်စိမ့်စိမ့်ကြည့်ရင်း တွေးတောရတာကို ကြိုက်နှစ်သက်သူတွေအတွက် Crime flimတစ်ခုကပေးစွမ်းတဲ့ ရသကိုအပြည့်အဝ ပေးစွမ်းစေမှာပဲဖြစ်ပါတယ်…