Movie Name
True Beauty
Year
2020
Generes
Drama, Romance
Code
SKR0419
Type
Series
Size
8.75 GB
Country
Korea
Description
True Beauty(2020)ဇာတ်လမ်းတွဲအညွှန်း ************************************** အပိုင်းသစ်(၁၆) ဇတ်သိမ်းပိုင်း မိန်းကလေးဆိုတဲ့အမျိုးက ကလေးဘဝကထဲက အလှအပကိုစိတ်ဝင်စားသလို လှပအောင်လည်းကြိုးစားနေထိုင်တတ်ကြတယ်…မှန်လေးကြည့်လိုက်လို့ သူတို့ရုပ်ရည်လေးအဆင်ပြေနေမှ ကိုယ့်ကိုကိုယ် ယုံကြည်ချက်လည်းရှိကြတာကိုး…ဒါ့ကြောင့် Selfie ဆွဲလို့ ပိုလှတဲ့ ဖုန်းတွေရောင်းကောင်းကြတာမဟုတ်လား… ဒီအထဲက ကောင်မလေးတစ်ယောက်လည်း အဲ့လိုပါပဲ…သူ့ရည်ရည်အပေါ်ယုံကြည်ချက်မရှိလို့ make-up tutorial တစ်ခုကို ကြိုးစားပန်းစားပြင်လိုက်မှ မဟာသရဲမကြီးနဲ့တူပြီး ကြိုက်တဲ့ကောင်လေးကငြင်းခံလိုက်ရလို့ ကိုယ့်ကိုကိုယ်သတ်သေဖို့အထိတောင်ဖြစ်သွားရတယ်…ဒီလိုသတ်သေတဲ့အချိန်ကောင်လေးတစ်ယောက် တားဆီးလိုက်လို့ အသက်မသေခဲ့တာကံကောင်းတယ်ပြောရမှာပါ…အဲဒီနောက်တော့ ကျောင်းပြောင်းရတဲ့အနေအထားြဖစ်တော့ သူမအတွက် အနည်းငယ်ခံသာသလိုြဖစ်သွားတယ်…ကျောင်းအသစ်မှာ မိတ်ကပ်ပြင်နည်းတွေအမှန်အကန်ကြိုးစားပြီး ကျောင်းတက်တဲ့ အခါမှာတော့ အရင်တုန်းက ခပ်ဆိုးဆိုးရင်ဆိုင်ရဲ့တဲ့အနေအထားတွေဟာ ရုတ်ချဉ်းပြောင်းလဲသွားပါတော့တယ်… ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး.. ဒီစီးရီးက ဆယ်ကျော်သက်ကျောင်းသား ကျောင်းသူဘဝကို အဓိက ကျောရိုးပြုရိုက်ကူးထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့မို့ ကြည့်ရအတော်ကောင်းပါတယ်…လှတပတလေးတွေနဲ့ မျက်စိအပန်းပြေသလို ကောင်လေးတွေရော ကောင်မလေးတွေပါ အလှအပရေးရာနဲ့ ပတ်သက်ပြီး ပညာရစေတဲ့ကားလေးဆိုလည်းမမှားပါဘူး…