Movie Name
The Green Hornet (2010)
Year
2010
Generes
Action
Code
01099
Type
Movie
Size
851 MB
Country
Hollywood
Description
The Green Hornet (2011) မြန်မာစာတမ်းထိုး့ကြည့်နေကျအက်ရှင်ဇတ်လမ်းတွေကနေကွဲထွက်နေတဲ့ Action/ Comedy ပေါင်းစပ်ထားတဲ့ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် ပျားတူစိမ်း ဇာတ်ကားဟာ ၂၀၁၁ခုနှစ်က ရုံတင်ပြသခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ မိုက်ကယ်ဂွန်ဒရိုင်းကရိုက်ကူးခဲ့ပြီး ဒေါ်လာသန်း၁၂၀ အကုန်ခံရိုက်ကူးခဲ့ပါတယ်။ ရုံတင်ပြသရာမှာ ဒေါ်လာသန်း ၂၂၇သန်းကျော်ပြန်ရရှိပြီးအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးလဲ ဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်ကို ဘရစ်ထ်ရိဒ်အဖြစ် ဆက်သ်ရိုဂန်က သရုပ်ဆောင်ထားပါတယ်။ ဘရစ်ထ်ဟာ လူငယ်တစ်ယောက်ဖြစ်ပြီး သူ့အဖေ ရုတ်တရက်သေဆုံးသွားတဲ့အခါ သူ့အိမ်မှာအလုပ် လာလုပ်တဲ့ ကေတိုဆိုတဲ့ တရုတ်ကောင်လေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကေတိုဟာ စက်ပစ္စည်းလက်နက်တွေကျွမ်းကျင်သူတစ်ဦး လဲဖြစ်ပါတယ်။ သူတို့နှစ်ဦးပေါင်းမိပြီး မြို့ထဲမှာ လမ်းသရဲတွေကို ပညာပေးရင်း အာဏာအရှိဆုံး မူးယစ်ဆေးရာဇာခေါင်းဆောင် ချော့ဒ်နော့ဖ်စကီ ကိုပါတ်သတ်မိရာမှာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတွေ့ရမှာပါ။ ဒီဇာတ်ကားလေးဟာ အတိုက်အခိုက်တွေအပြင် သတင်းစာလောကရဲ့အရေးပါပုံကိုတွေ့မြင် ရမှာမို့လို့ ဇာတ်ကားကောင်းလေးတစ်ကားဆိုတာတော့ ကြည့်ရှူရင်းခံစားမိမှာပါ။