Movie Name
နွံမနစ်မယ့်ကြာဖြူပန်း
Year
2018
Generes
Drama
Code
ST0219
Type
Series
Size
6.47 GB
Country
Thai
Description
အခုတစ်ခါတင်ဆက်ပေးမှာကတော့ မြန်မာပရိတ်သတ်တွေနဲ့ လုံးဝမစိမ်းတဲ့ အိုးခိုင်မော့လို့လူသိများတဲ့ Bow Maylada Susri အပြင် ဓားပြကြီးဆိုင်ဖာလို့လူသိများတဲ့ မိန်းကလေးတွေ အသဲစွဲ မင်းသားချော Mike Pattaradetတို့ရဲ့ကားလေးပါ ( ဇာတ်လမ်းအကျဉ်း ) ပင်ဖဟာ ဆင်းရဲတဲ့တောသူမလေးပါ သူတို့အိမ်ဘေးကို ဘန်ကောက်မှ သူဌေးကြီး အက်ကဒီ ပြောင်းလာတော့ သူမရဲ့ အေးချမ်းနေတဲ့ ဘဝလေး ရုတ်ချင်းပြောင်းလဲ သွားပါတော့တယ် လှပလွန်းတဲ့ပင်ဖကို သူဌေးကြီးက သဘောကျသွားခဲ့တယ် ပင်ဖဟာ သဘင်သည် နိုရာတီရူးနဲ့ ချစ်ခင်စုံမက်နေတာ သူဌေးကြီးသိတော့ အကောက်ကြံကာ နိုရာတီရူးကို ထောင်ထဲရောက်အောင်လုပ်ပြီး ပင်ဖကို မရမကလက်ထပ်ခဲ့တယ် လက်ထပ်ပြီးနောက် ပင်ဖမှာ နိုရာတီရူးနဲ့ ရတဲ့ကိုယ်ဝန်ပါလာမှန်းသိတော့ အငြိုးထားခဲတော့တယ် နောက်မိန်းမယူကာ ပင်မနဲ့ သူ့သမီးလေးနိုရာလေးတို့ကို အစေခံသဖွယ်ဆက်ဆံကာ နိုပ်စက်ခဲ့တော့တယ် နိုရာဟာ သူမအဖေအရင်း နိုရာတီရူးလို အကတော်တဲ့သူတစ်ဦးပါ တစ်နေ့မှာနိုရာနဲ့ ခွန်ကန်ချစ်တို့မတော်တဆ စုံမိခဲ့ကြတယ် အချစ်ဦးက သူ့ထက်ချမ်းသာတဲ့ သူဌေးကို လက်ထပ်သွားလို့ မိန်းကလေးတွေကို ငွေမက်သူတွေလို့ထင်မှတ်နေခဲ့တဲ့ ခွန်ကန်ချစ်က နိုရာ့ကိုသဘောကျပေမယ့် တခြားမိန်းကလေးတွေလို ငွေမက်သူလားဆိုတာ သိရဖို့အကြိမ်ကြိမ်စမ်းသပ်ခဲ့ပါတယ် နိုရာက သူထင်သလိုမဟုတ်မှန်းသိရတဲ့အခါ နိုရာနဲ့ နီးစပ်အောင် အမျိူးမျိူးကြိုးစားပါတော့တယ် မထင်မှတ်ထားတဲ့ အကြောင်းကြောင့် နိုရာဟာ ခွန်ကန်ချစ်အိမ်မှာနေဖို့ဖြစ်လာတဲ့ အခါ… သူတို့နှစ်ယောက်ကြားမှာ အချစ်တွေပေါက်ဖွားလာနိုင်မှာလား နိုရာလေးကလဲ သူမအဖေလို နာမည်ကြီးကချေသည် ဖြစ်လာနိုင် မလား အဆုံးသတ်မှာသူမတို့မိသားစုလေး ပြန်ပေါင်းစည်းနိုင်မလားဆိုတာတော့…