Movie Name
R I A (2021)
Year
2021
Generes
Crime, Sci-Fi, Thriller
Code
EN0323
Type
Movie
Size
1.02 GB
Country
Hollywood
Description
ရီယာဆိုတဲ့မိန်းမငယ်တစ်ယောက်ဟာ သာမန်အိမ်ထောင်ရှင်မတစ်ယောက် ဆင်ခြေဖုံးဒေသမှာ ခင်ပွန်းသည်နဲ့အတူနေထိုင်တယ်။ မနက်လင်းတဲ့အခါအိပ်ယာကထ မနက်စာပြင်မယ် ခင်ပွန်းကိုနှိုးမယ်၊ တစ်နေ့တာအစီအစဉ်တွေအကြောင်း ဖလှယ်ကြမယ်။ ခင်ပွန်းသည်က နှုးနှပ်ဖို့ကြိုးစားရင် ညအထိစောင့်ဖို့ပြောမယ်။ အိမ်အလုပ်တွေလုပ်၊ တစ်ခါတစ်လေလဲ ယောဂကျင့်၊ ညကျရင်အချိန်မှန်လာတတ်တဲ့ဇာတ်လမ်းတွဲကြည့် ပုံမှန်နေ့စဉ်ဘဝပေါ့။ သူ့ခင်ပွန်းသည်နာမည်က ဂျက်ခ်တဲ့။ ဒီအထိဘာမှမထူးဆန်းဘူး၊ နောက်တစ်နေ့မနက် သူပြန်နိုးလာတယ်။ သူ့ခင်ပွန်းကိုနှိုးမယ် မနက်စာပြင်မယ်။ ဒါပေမယ့် သူ့ခင်ပွန်းဆိုတဲ့သူက နောက်တစ်ယောက်ဖြစ်နေခဲ့ပြီ။ ဒါပေမယ့် နာမည်ကတော့ ဂျက်ခ်ပဲ။ သူကတော့မသိဘူး ပုံမှန်စကားတွေပြောတယ်။ ပုံမှန်လည်ပတ်မှုအတိုင်း တစ်နေ့တာကို ဆက်သွားတယ်။ သူ့ဘဝဟာ ဒီလို Loop တစ်ခုထဲမှာ ထပ်တလဲလဲလည်ပတ်နေရတယ်ဆိုတာ ရီယာ ဘယ်တော့ရိပ်မိလာမလဲ? သူက ဘယ်သူလဲ? သူ့ခင်ပွန်းသည်ဆိုသူတွေကရော? အရေးကြီးဆုံးကတော့ ဒီအဖြစ်အပျက်တွေအားလုံးကို ကြိုးကိုင်နေသူတွေက ဘယ်သူဖြစ်နေမလဲ? ဆက်လက်ရှုစားကြပါ။ Black Mirror ကိုရုပ်ရှင်တစ်ကားကြည့်ရသလိုမြင်ရမယ့် sci-fi, Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။