-
Movie Name
-
Raging Bull (1980)
-
Year
-
1980
-
Generes
-
Biography, Drama, Sport
-
Code
-
EN0327
-
Type
-
Movie
-
Size
-
1.09 GB
-
Country
-
Hollywood
-
Description
-
IMDb Rating – 8.2/10
Directed By Martin ScorseseGoodfellas, The Irishman, Taxi Driver,
The Wolf of Wallstreet The Departed,
Shutter Island, Gangs of New York,
king of Comedy ဒီရုပ်ရှင်တွေကို
မိတ်ဆွေကြိုက်တယ်ဆိုရင်တော့
Martin Scorseseကိုသိမှာပါ။
အကောင်းဆုံး Gangsရုပ်ရှင်တွေဟာ
သူ့လက်ကထွက်လာတယ်ဆိုကြပါတယ်။Raging Bullကို Martin Scorseseရဲ့
ဒုတိယအကောင်းဆုံး ရုပ်ရှင်လို့တော့
ဝေဖန်ရေးသမားတစ်ချို့က ဆိုပါတယ်။
ပထမကတော့ Goodfellasပါ။မာတင်နဲ့ ရုပ်ရှင်ကိုးကားရိုက်ဖူးတဲ့
Robert De Niroနဲ့ Joe Pesciကိုပဲသုံးထားပြီး
အီတာလျံအမေရိကန် လက်ဝှေ့သမား
ဟာသပညာရှင်အကြောင်းကိုရိုက်ထားတာပါ။
မာတင်သေချာသိတဲ့ သူတို့အီတာလျံနွယ်တွေရဲ့
အကြောင်းပဲမို့ သူ့ကားတွေရဲ့ အငွေ့အသက်ကို
အပြည့်အ၀ရမှာပါ။Gangsကားလို့တော့
ပြောမရပေမယ့် သူရဲ့ Gangsကားတွေလို
Brotherhoodsအငွေ့အသက်
အပြည့်သုံးထားပါတယ်။
Raging Bullဟာ Biography,Drama ,Sport
အမျိုးအစား အဖြူအမဲရုပ်ရှင်ပါ။ဒီတော့
တစ်ချို့အတွက်ကတော့ အတော်လေး
ပျင်းစရာကောင်းပါလိမ့်မယ်။
ဇာတ်လမ်းကတော့ 1949မှာ
ကမ္ဘာ့ မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ခဲ့တဲ့
အီတာလျံအမေရိကန် ဘောက်စင်သမား
တစ်ယောက်ဖြစ်တဲ့ ဂျိတ်လာမော့တာရဲ့ဘ၀
အနိမ့်အမြင့်အတက်အကျတွေအကြောင်းပါပဲ။
ဘာမှထူးထူးခြားခြားပါမှာမဟုတ်သလို
ထမင်းစားရင်းလေး အပျင်းပြေကျော်လိုက်ရစ်လိုက်
ကြည့်မယ်တွေးပြီးကြည့်မယ်ဆိုရင်တော့
စားလက်စထမင်းပန်ကန်ထဲပါ မျက်နှာစိုက်
အိပ်ပျော်သွားနိုင်ပါတယ်။ရုပ်ရှင်တစ်ပုဒ်ကို
စီးကရက်တစ်လိပ် ကော်ဖီတစ်ခွက်နဲ့
အေးအေးဆေးဆေး ခံစားပြီးကြည့်မယ်ဆိုရင်တော့
အတော်ကြည့်ကောင်းမယ့် ရုပ်ရှင်ပါပဲ။
လူတိုင်းရဲ့ဘ၀ဟာ စိတ်၀င်စားစရာ
ဇာတ်ကြောင်းတစ်ခုတော့ရှိကြတာကိုး။ရုပ်ရှင်ဟာ အနုပညာတစ်ခုပါပဲ။တစ်ခုထက်ပိုသော
အနုပညာတောင် ဖြစ်နိုင်ပါတယ်။အနုပညာပစ္စည်းဟာ
ဘယ်တော့မှ တစ်စုံတစ်ရာကို ရည်ရွယ်ထည့်သွင်းလို့ရတဲ့
အရာမျိုးမဟုတ်ပါဘူး။ ဖန်တီးသူက သူ့ခံစားချက်ကို
ထည့်သွင်းပေးပေမယ့် ကျွန်တော်တို့ဟာ ဖန်တီးသူရဲ့
ခံစားချက်က ပေးချင်တာကိုရမှာမဟုတ်ပါဘူး။
ကျွန်တော်တို့ ခံစားချက်က လိုချင်တာကိုပဲရမှာပါ။
ရုပ်ရှင်တစ်ကားကို ခံစားရတာဟာ ပို့စ်မော်ဒန်ရဲ့
မြက်ပင်သီ၀ရီလိုပါပဲ ဘယ်ဟာကမှ မူလအဓိက
ဟုတ်မနေပဲ ကြိုက်တဲ့၀င်ပေါက်က၀င်လို့ရပါတယ်။
ဘယ်အနုပညာပစ္စည်းမှာမှ ဘာမက်ဆေ့မှမလိုပါဘူး
ကြိုက်တဲ့၀င်ပေါက်က ၀င်လာလို့ရပါတယ်။
ဒီရုပ်ရှင်မှာ လိင်စိတ် သိမ်ငယ်စိတ် ဘ၀င်စိတ်
စသဖြင့် ဒီခံစားမှုတစ်ခုဖြစ်စေနိုင်တဲ့
ဓာတ်ကူပစ္စည်းတွေပါပါတယ်။
ကြည့်ရှုသူကို တစ်စုံတစ်ရာ ခံစားမှုရစေတယ်ဆိုရင်ပဲ
ရုပ်ရှင်ဟာ အနုပညာပီသနေပါပြီ။
စာကြွင်းပြောရရင် Raging Bullဟာ
ခမ်းနားတယ် အေးစက်တယ် လိင်ဆွဲဆောင်မှုရှိတယ်။
ခင်ဗျားမလိုချင်တဲ့ ဘ၀မျိူးရှိတယ်။
အချိန်အေးအေးဆေးဆေးရမှ ပြာခြွေရင်း
ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။)