-
Movie Name
-
BHOOMI (2021)
-
Year
-
2021
-
Generes
-
Action, Drama
-
Code
-
IND0041
-
Type
-
Movie
-
Size
-
1.34 GB
-
Country
-
Bollywood
-
Description
-
ဘူမီနာသန် ဟာ NASA ရဲ့ပထမဆုံး တမီးလ်လူမျိုး အာကာသယာဥ်မှူးဖြစ်ပြီး
အင်္ဂါဂြိုလ်ပေါ်ကိုပထမဆုံးဆင်းသက်မယ့်စစ်ဆင်ရေးကို
ဦးဆောင်သူဖြစ်ပါတယ်။
အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်ရုံတင်မကဘဲ အင်္ဂါဂြိုလ်ရဲ့ပတ်ဝန်းကျင်ကို
လူသားတွေနေထိုင်နိုင်အောင် စိုက်ပျိုးရေးကိုသုံးပြီး ပြောင်းလဲဖို့အစီအစဥ်ရှိသူဖြစ်ပါတယ်။
ဘူမီဟာ အဲ့စစ်ဆင်ရေးမစခင် ခွင့်တစ်လရလိုက်တဲ့အခါ
မိမိရဲ့မွေးရပ်ဇာတိရွာကလေးကို အလည်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။
ရွာကိုရောက်တဲ့အခါဆွေမျိုးသားချင်းတွေ သူငယ်ချင်းတွေနဲ့ပြန်တွေ့ခဲ့ပြီး
ရွာဟာအများကြီးတိုးတက်ပြောင်းလဲတာတာကိုတွေ့ခဲ့ရပေမယ့်
တစ်နေ့မှာပျက်စီးဆုတ်ယုတ်မှုတွေကိုလည်းတွေ့လိုက်ရပါတယ်။ဘူမီရဲ့ဦးလေးနဲ့တခြားလယ်သမားတွေရဲ့လယ်ယာစိုက်ခင်းတွေဟာ ပျက်စီးယိုယွင်းနေပြီး
မြေအောက်ရေတွေကို ကုမ္ပဏီလုပ်ငန်းတွေကသုံးစွဲနေတာမို့ ရေရှားပါးမှုတွေဖြစ်လာပါတယ်။
လယ်သမားတွေဟာအာဏာပိုင်တွေကို အကူအညီတောင်းကြပေမယ့်
လျစ်လျူရှုခံ၊ ဖိနှိပ်ခံနေကြရတာကို ဘူမီတွေ့လိုက်ရတဲ့အခါ
လယ်သမားတွေရဲ့အခက်အခဲတွေပြေလည်ဖို့ကြိုးစားပါတော့တယ်။
ဘူမီဟာ သူ့ရဲ့ကြိုးစားမှုတွေကိုမလိုလားတဲ့ အာဏာပိုင်တွေကိုရင်ဆိုင်လာရကာ
ဆုံးရှုံးမှုတွေကြုံတွေ့ရပြီး သူ့ရွာမှာဖြစ်ပျက်နေတဲ့ပြဿနာတွေဟာ
ထင်ထားတာထက် ကြီးမားနက်နဲနေတာကိုသိလိုက်ရပါတယ်။
သူ့ရွာနဲ့သူ့နိုင်ငံရဲ့ရှေ့ရေးအတွက် ဘူမီဟာ အိပ်မက်တွေကိုစတေးပြီး ကုမ္ပဏီလုပ်ငန်းထုတ်ကုန်တွေကို
လယ်သမားတွေရဲ့သဘာဝစိုက်ပျိုးရေးထုတ်ကုန်တွေနဲ့အစားထိုးဖို့ကြိုးစားပါတော့တယ်။
ဒီကားဟာ စိုက်ပျိုးရေးနိုင်ငံတွေမှာဖြစ်နေတဲ့ အကြပ်အတည်းတွေကို
ပေါ်လွင်အောင်သရုပ်ဖော်ထားပြီး သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းသင့်ကြောင်း
ဇွဲမလျှော့ဘဲ ကြိုးစားရင် ဘာမဆိုဖြစ်လာနိုင်ကြောင်း
မက်ဆေ့ကောင်းကောင်းပေးထားတဲ့ အိန္ဒိယဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။