Movie Name
Drishyam 2 (2021)
Year
2021
Generes
Drama, Thriller
Code
IND0042
Type
Movie
Size
884 MB
Country
Hollywood
Description
Drishyam 2 (2021) မြန်မာစာတန်းထိုးမနေ့က ထွက်ရှိလာတဲ့ မာလာယာလမ်းစကားပြော အိန္ဒိယတောင်ပိုင်းရုပ်ရှင်တစ်ခုကို တင်ဆက်ပေးလိုက်ပါရစေ…။ ဒီဇာတ်ကားဟာ ၂၀၁၃ ခုနှစ်က ထွက်ခဲ့တဲ့ Drishyam မူရင်းဇာတ်ကားရဲ့ အဆက်ဖြစ်ပြီး ၊ ပထမကားဟာ Kannada, Tekugu,Tamil,Hindi,Simhalese,Chinese စတဲ့ ဘာသာစကားပေါင်းများစွာနဲ့ Remake များစွာရိုက်ကူးခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပြီး ၊ သူတို့ရဲ့ ကာရယ်လာပြည်နယ်ကပေးအပ်တဲ့ Best FIlm Award တွေပါ ရရှိခဲ့တဲ့အပြင် ၊ ၄၅ကြိမ်မြောက်ကျင်းပတဲ့ နိုင်ငံတကာအိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့ရပါသေးတယ်။ မြန်မာပြည်မှာတော့ Ajay Devgn ပြန်လည်ရိုက်ကူးထားတဲ့ Drishyam (2015) ရုပ်ရှင်ကို လူတွေ ပိုသိကြပါတယ်။ အထူးပြောလိုတာကတော့ Ajay Devgn ရဲ့ဇာတ်ကားကို ကြည့်ဖူးတဲ့သူဖြစ်ဖြစ် ၊ ဒီဇာတ်ကားရဲ့ မူရင်းဇာတ်ကားကိုပဲ ကြည့်ဖူးတဲ့သူဖြစ်ဖြစ် ယခုထွက်လာတဲ့ Drishyam 2 ရုပ်ရှင်ကို နားလည်မှာပါ။ (ဘယ်ဇာတ်ကားကိုမှ မကြည့်ဖူးရင်တော့ ပထမထွက်တဲ့ဇာတ်ကားကို အရင်ကြည့်ဖို့ တိုက်တွန်းပါရစေ)ဇာတ်လမ်းအကျဉ်းကို နည်းနည်းပြောပြပါရစေ…။ပထမရုပ်ရှင်မှာပြသွားခဲ့တဲ့ ဇာတ်သိမ်းပိုင်းကနေ ဒီဇာတ်လမ်းကို အစပြန်ကောက်ထားတဲ့အတွက် ဒီရုပ်ရှင်မှာတော့ ဂျော့ဂျူတီ(GeorgeKutty) ဟာ ၊ ဗာရွန်းအမှုပြီးတဲ့နောက်မှာ ကေဘယ်တီဗီလုပ်ငန်းအပြင် ရုပ်ရှင်ရုံတစ်ခုပါ တည်ထောင်လိုက်ပြီး ၊ ရုပ်ရှင်လောကကို ဝင်ဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။ အရင်လို အလုပ်မှာပဲ စိတ်နှစ်မထားဘဲ မိသားစုကို အနီးကပ်စောင့်ရှောက်ရင်း လိုအပ်နေတဲ့ နွေးထွေးမှုတွေပေးနေရင်း ဘ၀ကို အေးအေးဆေးဆေး ဖြတ်သန်းနေပါပြီ။ဗာရွန်းအမှုမှာ လက်သည်မပေါ်တဲ့အတွက် ၊ တရားခံဟာ သူတို့မိသားစုဖြစ်ကြောင်းသိပေမယ့် တရားဥပဒေရဲ့ ဟာကွက်တွေကြောင့် လူတိုင်းက အပြစ်မရှိကြောင်း လက်ခံပြီး ၊ ဒီအမှုကိုလိုက်တဲ့ ရဲဌာနဟာလည်း လူပုံအလယ်မှာ ပြက်ရယ်ပြုစရာ ဖြစ်နေခဲ့ပါတယ်။ ပထမရုပ်ရှင်ထဲမှာ ဒီအမှုကိုဦးစီးကိုင်တွယ်ခဲ့တဲ့ အရာရှိတွေဖြစ်တဲ့ ဗာရွန်းရဲ့မိခင် ဂီသာပရာဘာကားဟာ အလုပ်ကနေ အငြိမ်းစားယူလိုက်ရပြီး ၊ အရာရှိဆဟာဒေဝမ်ဟာလည်း နယ်ပြောင်းခံလိုက်ရပါတယ်။ အရာရာပြောင်းလဲသွားခဲ့ပေမယ့် ကာယကံရှင်မိသားစုနှစ်ခုကတော့ ဒီအတိတ်ဆိုးကြီးရဲ့ ခြောက်လှန့်မှုကို ခံနေရဆဲပါပဲ ။ ဗာရွန်းရဲ့မိဘနှစ်ပါးအနေနဲ့သားပျောက်သွားတဲ့အတွက် နိစ္စဓူ၀သောကရောက်နေခဲ့ရသလို ၊ ဂျော့ဂျူတီမိသားစုဟာလည်း ဘယ်အချိန်မှာ ရဲလာဖမ်းမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေရတယ်။ဒီလိုနဲ့ ဒီအမှုဖြစ်ပြီးတဲ့ ၆နှစ်အကြာမှာတော့ သူတို့မြို့ကို အရာရှိအသစ်တစ်ယောက် ရောက်ရှိလာပြီး ဂျော့ဂျူတီနဲ့ သူ့မိသားစုရဲ့ ပတ်ဝန်းကျင်မှာ အသွင်ယူထားတဲ့ ရဲအရာရှိတွေကို တာဝန်ပေးပြီး တိတ်တဆိတ်စုံစမ်းပါတော့တယ်။ ဒီအချိန်မှာပဲ ဗာရွန်းသေပြီးနောက်ပိုင်းမှာ အမေရိကားကို ထွက်သွားခဲ့တဲ့ ဗာရွန်းရဲ့မိဘတွေ ဒီမြို့ကို အလည်တစ်ခေါက်ပြန်ရောက်လာတဲ့အခါမှာတော့…..။ဇာတ်လမ်းကို အများကြီးကောက်နှုတ်မပြတာဟာ ဒီဇာတ်လမ်းရဲ့အရသာကို ပေါ့သွားစေမှာစိုးလို့ ဖြစ်ပြီး ၊ တရားခွင်မှာသုံးနှုန်းတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေ လွဲမှားခဲ့သည်ရှိသော် ကျွန်တော်တို့ ဘာသာပြန်သူတွေရဲ့ ညံ့ဖျင်းမှုသာ ဖြစ်လို့ သည်းခံနားလည်ပေးစေလိုပါကြောင်း…။