-
Movie Name
-
တိုက်စားခံလိုက်ရသောသဲသောင်ပြင်
-
Year
-
2020
-
Generes
-
Drama, Romance
-
Code
-
ST0221
-
Type
-
Series
-
Size
-
7.26 GB
-
Country
-
Thai
-
Description
-
"တိုက်စားခံလိုက်ရသော သဲသောင်ပြင်"
မြန်မာစာတန်းထိုး အစ / အဆုံး
ဒီတစ်ခေါက် Thai Series Fan ကနေ တင်ဆက်ပေးမယ့်
ကားလေးကတော့ 2020 နှစ်ဦးပိုင်း တုန်းက ထိုင်းမှာပြသခဲ့ပီး အရမ်းရေပန်းစားအောင်မြင်ခဲ့တဲ့ အိမ်ထောင်ရေး
ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ❤️
ဒီဇာတ်ကားထဲမှာမင်းသားက Play Boy အဖြစ်သရုပ်ဆောင်ထားတာမို့ အသက်မပြည့်သေးသူတွေကြည့်ရှုဖို့ မသင့်တော်တဲ့ အခန်း တော်တော်များများပါဝင်ပါတယ် 🔥
အဓိက သရုပ်ဆောင်တွေကတော့ New Wongsakorn
နဲ့ Fah Yongwaree တို့ပဲဖြစ်ပါတယ် ❤️
ဇာတ်လမ်းအကျဉ်းလေးကတော့ ....
ဂျာရွန် ဆိုတဲ့ကောင်လေးက မိဘတွေရဲ့ အလိုလိုက်
မှုတွေကြောင့် ဆိုးသွမ်းပျက်စီး နေတဲ့ Play Boy လေး
တစ်ယောက်ပါ ....
ထက် ဆိုတာကတော့ ထက်မြတ်ပီးလှပတဲ့ မိန်းမလှလေးတစ်ယောက်ပေါ့ .....
သူမ ကျောင်းပြီးတော့ သူမမိဘတွေက လူချမ်းသာ
အသိုင်းအဝိုင်းထဲက ဂျာရွန်နဲ့ လက်ထပ်ပေးဖို့ အတင်း
အကျပ်လုပ်ယူလို့ ထက်တစ်ယောက် လက်မထပ်ချင်
ပဲ လက်ထပ်လိုက်ရပါတော့တယ် .....
လက်ထပ်ပွဲမှာ စာတစ်စောင် သူမဆီ ရောက်လာ
ခဲ့ပါတယ် .....
အဲ့စာထဲမှာရေးထားတဲ့ အရာကြောင့် သူမ လက်ထပ်
ရမယ့်လူကို သံသယဝင်လာပါတော့တယ် ....
လက်ထပ်ပြီးမကြာခင်မှာ သူမအိမ်ထောင်ဖက်ရဲ့
အကျင့်စရိုက်တွေကို သိခဲ့ရပါတော့တယ် ....
သူမ အိမ်ထောင်ဖက်ရဲ့ အကျင့်စရိုက် ဆိုတာကတော့
မိန်းမတကာနဲ့ ဖောက်ပြန်တဲ့ အင်မတန်ယုတ်ညံ့
တဲ့ အကျင့်စရိုက်ပဲဖြစ်ပါတယ် ....
ပြီးတော့ သူ့ခင်ပွန်းကို ပြောင်းလဲလို့ မရဘူးဆိုတာ သူနားလည်သွားပါတော့တယ် ....
ကျောင်းပီးခါစ ဘဝအကြောင်း ဘာမှနားမလည်သေးတဲ့
ထက်တစ်ယောက် ဒီလို အကျင့်စရိုက်မကောင်းတဲ့ယောက်ျားကို လက်ထပ်လိုက်ရတာကြောင့် ဘယ်လို
စိတ်ဆင်းရဲမှု အသွယ်သွယ်ကို ခံစားရမလဲ .... ?
ထက်တစ်ယောက် ဘဝမှာတခါမှမကြုံဖူးတဲ့ အဲ့ဒီလို
ဖြစ်ရပ်ဆိုးတွေကို ခံနိုင်ပါ့မလား .... ?
သူမရဲ့ ခင်ပွန်းဖြစ်သူ ဂျာရွန် ကရော သူမှားခဲ့ဖူးသမျှ
ကိုမေ့ဖျောက်ပီး ထက် နဲ့အတူ ဘဝသစ်ထူထောင်မလား
အဲ့လိုဆို ထက်ကရော ဂျာရွန့် အတိတ်က ဆိုးရွားလှတဲလ
အပြစ်တွေကို ခွင့်လွှတ်ပေးမှာလား .... ?
ထက်က ရင်ထဲမှာ သူ့ခင်ပွန်းရဲ့ ပွေရှုပ်ထားတဲ့ဇာတ်လမ်း
ဆိုးတွေကြောင့် လောင်မြိုက်ငိုကြွေးနေရသော်ငြားလည်း လက်တွေ့မှာတော့ ပညာတတ်အမျိုးသမီးကောင်း တစ်ယောက်ဖြစ်တာနဲ့ အမျှ ပြဿနာတွေကို စဉ်းစားဆင်ခြင်ဉာဏ်အပြည့်နဲ့ ကိုင်တွယ် ဖြေရှင်းသွားမှာပဲဖြစ်ပါတယ် ။
ကယ်ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ အိမ်ထောင်ရေး
ဇာတ်လမ်းကောင်းလေးဖြစ်တာမို့ လက်လွှတ်မခံ
ကြည့်ရှုကြဖို့ပြောချင်ပါတယ် ❤