Movie Name
Cosmic Sin (2021)
Year
2021
Generes
Action, Sci-Fi
Code
EN0340
Type
Movie
Size
759 MB
Country
Hollywood
Description
ကျွန်တော်တို့ နေထိုင်ကြတဲ့ စကြဝဠာကြီးမှာ ကမ္ဘာဂြိုဟ်က သတ္တဝါတွေအပြင် တခြား မျိုးစိတ်တွေ ရှိနေဦးမယ်လို့ထင်ပါသလား ….ရှိနေရင်ရော ဘယ်လိုပုံစံတွေ ဖြစ်မယ်လို့ထင်လဲ၊ သူတို့ကရော ကမ္ဘာဂြိုဟ်ကလူတွေလို အသိဉာဏ်ရှိကြလား၊ ဒါမှမဟုတ် နိမ့်ကျမလား သာလွန်နေမလား၊ ဒါတွေဟာ စဉ်းစားကြည့်မယ်ဆို စိတ်၀င်စားစရာပဲ . . .ပိုပြီး စိတ်၀င်စားဖို့ ကောင်းတာက ဒီလိုမျိုးစိတ်တွေသာ တကယ်ရှိပြီး လူတွေထက် အသိဉာဏ်နဲ့ ဖန်တီးနိုင်မှု စွမ်းအားကလည်း ပိုမြင့်နေမယ်၊ သူတို့က လူတွေကို အန္တရာယ်ပေးလာမယ်ဆိုရင် လူသားတွေအနေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာပါပဲ။ ဒါဆိုရင် လူသားတွေအနေနဲ့ ဒီ ကြမ္မာဆိုးကြီးကို ကျော်ဖြတ်နိုင်ပါ့မလား လူသားတွေသက်တမ်းဟာ အဓွန့်ရှည်ပါ့မလား ……ဆိုတာဟာ စဥ်းစားစရာပါပဲ။ဒီဇာတ်ကားမှာ မင်းသားကြီး Bruce Willis က ဂျိမ်းစ် ဖို့ဒ်အမည်ရှိ အာကာသဆိုင်ရာ မဟာမိတ်ကောင်စီရဲ့ ဗိုလ်ချုပ်ဟောင်းကြီးအဖြစ် ပါ၀င်ထားပြီး Frank Grillo က ဗိုလ်မှူး ရိုင်အဖြစ်ပါ၀င်သရုပ်ဆောင်ထားပါတယ်။ Action, Adventure , sci-fiချစ်သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Yoon Sandi Aung ပဲဖြစ်ပါတယ်။)