-
Movie Name
-
Always Have Always Wil (2021) (မင်းလိုနေချိန်တိုင်း)
-
Year
-
2021
-
Generes
-
Comedy, Romance
-
Code
-
SC0267
-
Type
-
Series
-
Size
-
4.54 GB
-
Country
-
China
-
Description
-
အထက်တန်းပထမနှစ်ကျောင်းသူလေး ဖန်းလီဟာ မြို့ငယ်လေးတစ်မြို့ကပြောင်းလာတဲ့သူတစ်ယောက်ပေါ့ ကျောင်းမှာ အတော်ဆုံးကျောင်းသားလည်းဖြစ်တဲ့ရေခဲလိုအေးစက်တဲ့မျက်နှာထားနဲ့ လော့ယန် နဲ့အတန်းဖော်ဖြစ်လာခဲ့ပါတယ် အဲ့အချိန်တုံးက လော့ယန် က ဖန်းလီအတွက်အိပ်မက်ဆိုးကြီးတစ်ခုဖြစ်နေပါတယ် သုံးနှစ်ကြာပြီးနောက် သူတို့နှစ်ယောက်ဟာတက္ကသိုလ်မှာပြန်ဆုံခဲ့ကြတယ်
သူတို့ပြန်ဆုံချိန်မှာ လော့ယန် ကအရင်တုန်းက ဖန်းလီ ကိုမမှတ်မိတော့ပါဘူး ဒါပေမဲ့ မိန်းမလှလေးနဲ့ မိစ်ဆာကောင်လေးတို့ကြားမှာရန်ပွဲလေးကတော့ရှိမြဲရှိနေဆဲပေါ့ ဒီရန်သူ့စုံတွဲက သူတို့ရဲ့ငယ်ရွယ်နုပျိုမှုအလှတရားတွေမှာပဲ အချိန်ကုန်နေလို့မဖြစ်မှန်းနားလည်သဘောပေါက်လာကြတဲ့အခါမှာတော့
(တက္ကသိုလ်ကျောင်းသားတွေဖြစ်လာပြီဆိုတော့ ကလေးလိုရန်ချည်းပဲဖြစ်နေလို့မရတော့ဘူးလေ)
သူတို့ရဲ့အိမ်မက်တွေကိုလက်တွေ့အကောင်ထည်ဖော်ဖို့ကြိုးစားကြပါတော့တယ်...
ဖန်းလီ နဲ့ ရေခဲတုံးလေး လော့ယန်တို့က အထက်တန်းကျောင်းသားဘဝမှာ ဘာတွေများဖြစ်ခဲ့ကြမလဲ?
တက္ကသိုလ်မှာအတူပြန်ဆုံကြတော့ ဖန်းလီကိုမမှတ်မိတော့တဲ့ ရေခဲတုံးလေး လော့ယန်က ဘယ္လိုပုံ ဘယ်လိုနည်းနဲ့ ဖန်းလီကိုမှတ်မိလာမှာလဲ?
သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကရော ဘယ်လိုတွေဖြစ်လာမလဲ?
လူငယ်ပေါ့ပေါ့ပါးပါးအချစ်ကားလေးမို့ Fan တွေကြိုက်ကြမယ်ထင်ပါတယ်
မင်းသားရော မင်းသမီးရော အရံလေးတွေရော အကုန်ချောချောလေးတွေမို့ မင်မင်တို့နဲ့အတူ အဆင်တွေ ငမ်းကြမယ် ဘူးကြမယ် နော်...နော်လို့....😍😍😘
မရိုမှာတော့မပူနဲ့နော် ရိုလွန်းလို့ လျှံတောင်ထွက်မှာ ရာသီဥတုကလည်း ချမ်းအေးတဲ့ဆောင်းရာသီလေးဆိုတော့
ညဘက်ကြည့်တဲ့သူကတော့ ခြုံထားတဲ့စောင်ကို ကိုက်ဖို့ပြင်ထားကြပေတော့
နေ့ဘက်ကြည့်တဲ့သူတွေကျတော့ စောင်ခြုံပြီးမှကြည့်ပါလို့
ကားလေးညနေပြရင်ကြည့်ရှုဖို့မမေ့ကြနဲ့နော်