Movie Name
Castlevania (S1 To S3)(Complete)
Year
2017
Generes
Action, Animation, Adventure
Code
SAN0002
Type
Series
Size
6.31 GB
Country
Hollywood
Description
ခုလတ်တလော Netflixမှာထွက်ရှိခဲ့ပြိး Hotနေတဲ့ Animation seriesတစ်ခုနဲ့မိတ်ဆတ်ပေးပါရစေ ဒီ animationဟာ Castlevania ဆိုတဲ့ဂိမ်းကို မှီငြမ်းပြီးဇာတ်လမ်းဆင်ထားတာပါ ဒီဇာတ်လမ်းထဲက မြို့စားကြီးဒရက်ကူလာဆိုရင်လူတိုင်းသိမယ်ထင်တယ် ကျနော်တို့ငယ်ငယ်တုန်းကဆိုရင် ငိုနေရင်တောင် ဒရက်ကူလာလာပြီးအသံကြားတာနဲ့ကို အငိုတိတ်တဲ့အထိကြောက်ရတဲ့ ရက်စက်တဲ့မိစ္ဆာကောင်ကြီးပါ သမိုင်းမှတ်တမ်းတွေအရလည်းအပြင်မှာတကယ်ရှိခဲ့ပြီး ရုပ်ရှင်တွေထဲကထက်ကိုပိုရက်စက်ပါတယ် တကယ့်အပြင်မှာတော့သွေးစုတ်ဖုတ်ကောင်မဟုတ်ပေမယ့် သူ့အပိုင်စားရတဲ့နယ်မြေမှာပြည်သူတွေကိုရက်စက်စွာအုပ်ချုပ်တာ သူ့ရန်သူတွေကိုကားစင်တင်ပြီး သွေးကိုသောက်ပြတာလုပ်တဲ့အထိ ရက်စက်ခဲ့တယ်ဆိုပြီးသမိုင်းတွင်ခဲ့လို့နောက်ပိုင်းမှာ သွေးစုတ်ဖုတ်ကောင်တွေရဲ့ခေါင်ကြီးဆိုပြီး ချယ်မှုန်းခံရတဲ့အထိရက်စက်ပြခဲ့သူပါ ဒီanimationမှာတော့ လူတွေသိကြတဲ့ဇာတ်လမ်းနဲ့လည်းမတူသလို ဖြစ်ရပ်မှန်ဇာတ်လမ်းနဲ့မတူပဲ ဒရက်ကူလာရဲ့ခံစားချက်တွေကိုရက်ရက်စက်စက် ဖော်ပြထားတဲ့တကယ်ကိုanimationကောင်းတစ်ခုပါ အချစ်လည်းကြီးသလို အချစ်အတွက်ဆိုရင် လူသားမျိုးနွယ်တစ်ခုလုံးကိုသုတ်သင်ဖို့ဝန်မလေးပဲ ရက်စက်စွာအကောင်အထည်ဖော်တဲ့အထိနှလုံးသားကြီးသူပါ IMDb ratingမှာလည်း 8အထိရထားတဲ့အပြင် Rotten tomatoesမှာလည်း79%အထိရထားတာကို ကြည့်ချင်းအားဖြင့်ကောင်းမကောင်းဆိုတာကို ပြောနေစရာမလိုလောက်ဘူးထင်ပါတယ် အသက် ratingအနေနဲ့ 15+ဖြစ်နေတဲ့အတွက် ၁၅နှစ်အောက်တွေကြည့်ဖို့မသင့်တော်တဲ့ အကြမ်းစားသတ်ဖြတ်မှုတွေ ရိုင်းစိုင်းတဲ့အသုံးအနှုံးတွေပါပါတယ် (ဘာသာပြန်တဲ့နေရာမှာစကားလုံးအသုံးအနှုံးထိမိစေဖို့ ဖော့ပြန်ထားတာမရှိပါ) ဒီ TV Series ကို Dr.Nyan က ဘာသာပြန်ပေးထားပြီး Thit San Khant နဲ့ YK က တင်ဆက်ပေးထားပါတယ်