-
Movie Name
-
Chai Mai (ပလီပလာဆန်တဲ့အတုမရဲ့အချစ်)(မာယာဖူးစာ)
-
Year
-
2017
-
Generes
-
Comedy, Drama
-
Code
-
ST0226
-
Type
-
Series
-
Size
-
12.9 GB
-
Country
-
Thai
-
Description
-
" ပလီပလာဆန်တဲ့အတုမရဲ့အချစ် " 👱♀️❤️
မြန်မာစာတန်းထိုး အစ / အဆုံး
မင်းသား Ter Chantavit နဲ့ မင်းသမီး Mai Davika တို့
ဦးဆောင်ပါဝင်ထားတဲ့ ၂၀၁၇ ကထွက်ရှိထားတဲ့
အချစ်ဟာသဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ် ❤️
ဇာတ်လမ်းအကျဉ်းလေး ကတော့ ....
လင်းဟာ ကုပ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီးတော့
မမျှော်လင့်ပဲ သူမအလုပ်လုပ်တဲ့ ကုမ္ပဏီ က ဒေဝါလီခံလိုက်ရတဲ့အချိန်မှာ နယ် က မိဘတွေရဲ့အိမ်ဟာလည်း
အကြွေးမဆပ်နိုင်လို့အသိမ်းခံရတော့မယ့် အခြေအနေတွေကြောင့် လင်း တစ်ယောက်ဗျာများ နေပါတော့တယ် ....
နောက်တော့ လင်းဟာ ကန့် ဆိုတဲ့အခြောက်တစ်ယောက်
နဲ့ခင်မင်သွားပြီးတော့ အခြောက်အလှမယ်ပြိုင်ပွဲကို ဇင် ဆိုတဲ့နာမည်အတု နဲ့ဝင်ပြိုင်ခဲ့ပါတယ် ....
ပြိုင်ပွဲမှာအနိုင်ရသူဟာ ဇာတ်လမ်းတွဲမှာသရုပ်ဆောင်
ရမယ်ဆိုတဲ့အချက်ကြောင့် မထင်မှတ်ပဲ ဇာတ်လမ်းတွဲရိုက်ရင်း ဒါရိုက်တာဖတ်နဲ့ တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ် ....
ဒါရိုက်တာဖတ် ဟာ အက်ရှင်ကားတွေရိုက်ကူးနေကျ
ဖြစ်ပေမယ့် အခက်အခဲတွေကြောင့် ရိုမန့်တစ်
ဇာတ်လမ်းတစ်ခုကိုရိုက်ဖြစ်တော့မယ့် အခြေအနေနဲ့ကြုံတွေ့နေတာပါ ....
ရုပ်သံဌာနဘက်ကလည်း ဇာတ်လမ်းထဲကအတိုင်းမင်းသမီးနေရာမှာအခြောက်တစ်ယောက်ကပဲသရုပ်
ဆောင်ရမယ်ဆိုတဲ့အချက်ကြောင့် ဖတ်ဟာအခြောက်အလှမယ်ပြိုင်ပွဲမှာလူလာရွေးရင်း ဇင်နဲ့တွေ့ဆုံကြပါတော့တယ် ....
ဖတ် ဟာ အခြောက်တွေကိုကြည့်မရပေမယ့် ဇင်ကို
မြင်မြင်ချင်းမှာပဲ သဘောကျသွားရှာပါတော့တယ် ....
ဒါပေမယ့်လည်း ဇင်ဟာ တကယ့်မိန်းကလေးမဟုတ်ဘူး အခြောက်တစ်ယောက်ပဲလို့ စိတ်ကိုထိန်းချုပ် ထားပေမယ့်လည်း နောက်ဆုံးတော့ ဒါရိုက်တာဖတ်တစ်ယောက် သူဘာဖြစ်ဖြစ် ချစ်မယ်ဆိုတဲ့စိတ်နဲ့ ဇင်ကိုချစ်ခဲ့ပါတယ်
တစ်ဖက်မှာလည်းဇင်က ဒါရိုက်တာဖတ် ကိုသဘောကျပေမယ့် လူတိုင်းကသူမဟာ အခြောက်အစစ်မဟုတ်တာကိုသိသွားရင် အားလုံးအတွက်ပြဿနာတက်နိုင်တာမို့
ဒီလျှို့ဝှက်ချက်ကြီးကို ဘယ်လိုတွေထိန်းသိမ်းပြီး
ကျော်ဖြတ်သွားကြမလဲဆိုတာကို "ပလီပလာဆန်တဲ့ အတုမရဲ့အချစ်" လို့အမည်ရတဲ့ ဒီဇာတ်လမ်းဆန်းဆန်းလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင် 👀❤️