-
Movie Name
-
ACT-1978 (2020)
-
Year
-
2020
-
Generes
-
Action, Thriller
-
Code
-
IND0050
-
Type
-
Movie
-
Size
-
1.76 GB
-
Country
-
Bollywood
-
Description
-
ACT 1978 (2020)” ဆရာ. . . အကျိုးဆောင်ခ(ကော်မရှင်ခ)လေးပါ ….. ”ဒီလိုမျိုး ပုဒ်မလေး နဲ့မှ အလုပ်လုပ်တတ်တဲ့ အစိုးရဝန်ထမ်းတွေကို ကြုံဖူးကြတယ် မဟုတ်လား?မနက်ကို နောက်ကျမှလာ ညနေကိုအစောကြီးပြန်။
အလုပ်ကျတော့ကောင်းကောင်းမလုပ် အကျိုးဆောင်ခပဲ မျှော်ကိုးနေပြီး တာဝန်ကိုအလွဲသုံးစားလုပ်ကြတဲ့ အစိုးရဝန်ထမ်းတွေကို ပညာပေးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုပါလောကဓံကို အန်တုရင်ဆိုင်နေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးလေး ဂီသာ ။
ဖခင်လည်းဆုံး ခင်ပွန်းသည်လည်း ဆေးရုံမှာမြောနေတာမို့ ဖခင်လယ်သမားကြီးရဲ့ နစ်နာကြေးနဲ့မှ အသက်ရှုချောင်နိုင်မယ့် ဂီသာ တစ်ယောက်
လယ်သမားသက်သာချောင်ချိရေးဌာနကိုသွားပြီး နစ်နာကြေးတောင်းခံလွှာ တင်ခဲ့ပါတယ်။
စစချင်း ဆောက်နဲ့ထွင်းသလို အကျိုးဆောင်ခ တောင်းလိုက်တဲ့ စာရေးကြောင့် အောင့်သက်သက်ဖြစ်ရပေမယ့်လည်း
လာဘ်ပေးလာဘ်ယူကိုမုန်းတဲ့ ဂီသာ တစ်ယောက် နည်းလမ်းကျကျနဲ့ နစ်နာကြေးကို ရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဗိုက်တောင်မထွက်သေးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးက မွေးဖွားခါနီးသည်အထိ နစ်နာကြေးမရလာတဲ့အခါ. . .ဂီသာ တစ်ယောက် ဗုံးတစ်လုံးကို ခန္ဓာကိုယ်မှာပတ် အစိုးရဌာနထဲကိုဝင်ပြီး အဂတိလိုက်စားနေတဲ့ အစိုးရဝန်ထမ်းများအား သူမအတွက်၊ ပြည်သူတွေအတွက် တရားမျှတမှုကိုပြန်လည် တောင်းခံပါတော့တယ်. . .ဇာတ်လမ်းရဲ့ အစ အလယ် အဆုံး ဒိုင်ယာလော့ကောင်းကောင်း ဇာတ်လမ်းထိထိမိမိနဲ့ အပြင်လောကသဘာဝနဲ့တူအောင် ရိုက်ပြထားတဲ့ ကားကောင်းလေးတစ်ကားမို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်ဗျာ။IMDb – 7.9/10 ရရှိထားပါတယ်Review ကိုတော့ JoJoVa က ရေးသားပေးထားပြီးဘာသာပြန်ထားတာကတော့ Thinzar Htet, Shwe Pyae နဲ့ JoJoVa တို့ပဲ ဖြစ်ကြပါတယ်။