Movie Name
The Pacific (2010)
Year
2010
Generes
Action, Adventure
Code
SE0099
Type
Series
Size
5.73 GB
Country
Hollywood
Description
IMDb rating 8.3 Metacritic rating 86% TV.com 7.4 အထိ rating အမြင့်တွေရရှိထားတဲ့ The Pacific (2010) ကို Channel Myanmar မှ တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ mini-series ဖြစ်ပြီး အပိုင်းအားလုံး (၁၀)ပိုင်းရှိပါတယ်။ ဇာတ်လမ်းအစကတော့…. ပုလဲဆိပ်ကမ်းဗုံးကျဲခံရပြီး နှစ်ဝက်အကြာ အာရှတိုက်သား ဂျပန်တို့က လူ့သမိုင်းတလျှောက်အကြီးမားဆုံးအင်ပါယာကြီးကိုထိန်းသိမ်းနိုင်ခဲ့တယ်။ ၁၉၄၂ မှာပဲသြစတီးလျကိုအခြေချဖို့ကြိုးစားနေတဲ့ဂျပန်တွေဟာ တပြိုင်နက် တောင်ပစိဖိတ်ကျွန်းတွေကိုပါ ချဲ့ထွင်ဖို့ကြိုးစားလာခဲ့ကြတယ်။ Guadalcanal. ကျွန်းမှာ လေယဉ်ကွင်းဆောက်နေကြပြီး ဒီလေယဉ်ကွင်းသာပီးဆုံးမယ်ဆိုရင် သြစတီးလျကိုကူညီမယ့်အမေရိကန်တို့ရဲ့ထောက်ပံ့ရေးကိုပိတ်ဆို့ထားနိုင်ပါပြီ။ ဒီတော့အမေရိကန်တွေအနေနဲ့ ဒီကျွန်းကိုမဖြစ်မနေ ရအောင်ယူမှကိုရတော့မယ်။ ဒီအတွက်အမေရိကန်တွေ ဘယ်လိုဖြေရှင်းကြမလဲ . ဘယ်တပ်ဖွဲ့တွေသုံးပြီးဒီကျွန်းကိုပြန်ယူကြမလဲ . . . ပုလဲဆိပ်ကမ်း ဟာဝါရီကျွန်းတွေအတိုက်ခံရပြီးချိန်မှာ အမေရိကန်စစ်သားတွေရဲ့စိတ်ထဲမှာဂျပန်ဆိုတာ တိုက်မရတဲ့ လူတွေလို့စွဲနေတဲ့အချိန်….ဒီအစွဲတွေကိုဘယ်လိုချွတ်မလဲ . . . စတာတွေကို ဇာတ်ကားထဲမှာ သိမြင်နိုင်မှာပါ။ ဒီဇာတ်လမ်းတွဲဟာ band of brother လိုပဲ အင်တာဗျူးအစီအစဉ်ကနေ ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်တာကြောင့် history war movie တခုဖြစ်လို့လက်မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်လမ်းတခုဖြစ်ကြောင်း ပြောပါရစေ…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ကို ကိုမြန်မာကြီးမှ ရေးသားတင်ဆက်ပေးပါတယ်။) @Sanwinmaung