-
Movie Name
-
Revolving Hearts (နှလုံးသားစက်ဝန်း)
-
Year
-
2021
-
Generes
-
Drama, Romance
-
Code
-
ST0230
-
Type
-
Series
-
Size
-
12.2 GB
-
Country
-
Thai
-
Description
-
နှလုံးသားစက်ဝန်း”
Casts
ထွတ် အဖြစ် Porche Saran
ဘို (ဘူဖချတ်) အဖြစ် Now Tisanart
ဝရာဖုန် အဖြစ် Takphet
ဝိထနီ အဖြစ် Ploy Randapa
ပိုင်တောင် အဖြစ် Film Chatdao
ခယ် အဖြစ် Nattarin
ဇာတ်လမ်းအကျဥ်း
သူငယ်ချင်းဖြစ်သူ ခယ်ကနေ သိကျွမ်းခဲ့ပြီး ချစ်သူဖြစ်ခဲ့တဲ့ ဘို ဆိုတဲ့ သူဌေးသမီးလေးနဲ့ စားသောက်ဆိုင်က ဂီတသမားလေး ဖုန်တို့နှစ်ယောက် ပြည်ပ ပညာသင်သွားရမယ့် ဘို့ကြောင့် ပြန်လာရင် လက်ထပ်မယ့်ကတိစကားနဲ့ ခဏခွဲခွာနေခဲ့တယ်
ဘိုနဲ့ အနေဝေးချိန် အနေနီးလာသူဖြစ်တဲ့ ဝိထနီနဲ့ မှားယွင်းခဲ့တဲ့ ဖုန်တစ်ယောက် ကိုယ်ဝန်ရှိပါပြီဆိုတဲ့စကားတခွန်းကြောင့် တာဝန်ယူလက်ထပ်ခဲ့ရတယ်
ချစ်သူ သတင်းကြောင့် ပြည်ပကနေ အသည်းကွဲပြန်လာပြီး ကလပ်မှာ ဆေးခတ်ခံခဲ့ရတဲ့ ဘို့ကို ဝိထနီရဲ အစ်ကိုဖြစ်သူ ထွတ်က ဝင်ကယ်ပြီး ဟိုတယ်ကို ခေါ်သွားခဲ့တယ်
ဘို့အတွက်တော့ ထွတ်က သူ့ကို ဆေးခတ်ပြီး ဟိုတယ်ခေါ်မုဒိမ်းကျင့်ခဲ့တယ်လို့ ထင်သွားခဲ့တယ်
ဘိုက အချစ်ရဆုံးညီမဖြစ်သူ နှလုံးရောဂါသည်လေး ဝိထနီရဲ့ ခင်ပွန်းဖြစ်သူနဲ့ မပြီးပြတ်နိုင်သေးတဲ့ ရည်းစားဟောင်းမှန်း ထွတ်သိလာတဲ့အခါမှာတော့ ညီမလေး စိတ်ချရဖို့ ဘို အထင်လွဲနေတာကို မငြင်းတော့ပဲ တောင်းယူလက်ထပ်ခဲ့ပါတယ်
ညီမဖြစ်သူ မိသားစုနဲ့ ဝေးရာရောက်ဖို့ ပိုင်ဆိုင်တဲ့ စပျစ်ခြံကို ခေါ်လာခဲ့တဲ့ ထွတ်တစ်ယောက် ဘို့ကို တကယ်ချစ်မိသွားခဲ့မလား
ထွတ်က ချစ်သူဟောင်း ဝရာဖုန်ရဲ့ ယောက်ဖဖြစ်ပြီး သူမကို တမင်ဝေးစေချင်လို့ ခေါ်လာတာကို ဘိုသိသွားရင်ရော ဘာတွေဖြစ်လာဦးမလဲ
ဒါ့အပြင် စပျစ်ခြံမှာ နဂိုထဲက ထွတ်ကို သဘောကျနေတဲ့ ပိုင်တောင်ဆိုတဲ့ မိန်းကလေး တစ်ယောက်ပါ ရှိနေတဲ့အခါ
သူတို့နှစ်ဦးရဲ့ ချစ်ခရီးလမ်းကရော ဖြောင်ဖြူးနိုင်ပါ့မလား
ပထမဆုံး ရိုက်ကူးခဲ့တာတာတော့ ၁၉၈၅ ခုနှစ်ကဖြစ်ပြီး ၂၀၀၉မှာ တစိကြိမ် အခု၂၀၂၁မှာ တစ်ကြိမ် ပြန်လည် ရိုက်ကူးတင်ဆက်ထားတဲ့ ရိုမန့်တစ်ဆန်ဆန် အချစ်ကြမ်းကြမ်း slapkiss ဇာတ်လမ်းတွဲတစ်ပုဒ်ပဲဖြစ်ပါတယ်
( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )