-
Movie Name
-
The Crowned Clown
-
Year
-
2019
-
Generes
-
Drama, Historical
-
Code
-
SKR0141
-
Type
-
Series
-
Size
-
9.23 GB
-
Country
-
Korea
-
Description
-
ဇာတ်လမ်းအညွှန်း
ကလေးသရုပ်ဆောင်အဖြစ် လူသိများခဲ့တဲ့ Yeo Jin Gooက နန်းတွင်းရိုမန့်မယ်လိုဒရမ်မာ “The Crowned Clown”နဲ့ ပရိသတ်ရှေ့ကို ရောက်ရှိလာပြန်တော့မှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းလေးကတော့ လီဗြောင်ဟွန်းပါဝင်ခဲ့တဲ့ ၂၀၁၂ခုနှစ်ရဲ့ “Masquerade”ရုပ်ရှင်ကားကို ဒရမ်မာအဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။
အာဏာအားပြိုင်ခြင်းနဲ့နန်းလုခြင်းများဖြစ်စေခဲ့တဲ့ ဂျိုဆွန်းအလယ်ခေတ်ကို အခြေခံရိုက်ကူးထားပါတယ်။ ဘုရင်နေရာလိုချင်နေတဲ့လူတွေကြောင့် သူရဲ့ဘဝကိုကာကွယ်ဖို့လိုအပ်တဲ့ဘုရင်တစ်ပါးက သူနဲ့ရုပ်တူတဲ့လူပြက်တစ်ယောက်ကို နန်းတွင်းထဲဝင်ခွင့်ပေးလိုက်တဲ့အခါမှာ ဘာတွေဖြစ်လာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမည့်ဒရမ်မာဇာတ်ကားကောင်းဖြစ်ပါတယ်။
မင်းသားYeo Jin Gooက “Hwayugi”ဇာတ်လမ်းမှာ ပါဝင်ခဲ့တဲ့ Lee Se Youngနဲ့သရုပ်ဆောင်နေတာဖြစ်ပါတယ်။ Lee Se Youngက ဇာတ်ကောင်နှစ်မျိုးလုံးရဲ့ချစ်မြတ်နိုးခြင်းကိုခံရတဲ့အမျိုးသမီး Yoo So Woonအဖြစ်သရုပ်ဆောင်ထားပါတယ်။
ဒီဇင်ဘာ၁၉ရက်နေ့မှာ tvNရုပ်သံလိုင်းကနေ Yeo Jin Gooရဲ့ဇာတ်ကောင်ပုံတွေကို ထွက်ရှိပေးခဲ့ပါတယ်။ Yeo Jin Gooက ဇာတ်ရုပ်နှစ်မျိုးနဲ့သရုပ်ဆောင်ရတာဖြစ်ပါတယ်။ သူ့ဘဝအန္တရာယ်ထဲကျရောက်နေတဲ့ဘုရင်ရီဟွန်းနဲ့ဘုရင်ရဲ့တောင်းဆိုချက်ကြောင့် ဘုရင်နေရာကို ယူရတဲ့လူပြတ်ဟာဆွန်းဆိုတဲ့ဇာတ်ကောင်နှစ်မျိုးပဲဖြစ်ပါတယ်။ ပုံတွေကို ကြည့်လိုက်မယ်ဆိုရင် ချစ်စရာကောင်းတဲ့Jin Gooနဲ့ သြဇာအပြည့်နဲ့Jin Gooတို့ကို တွေ့ရမှာဖြစ်ပါတယ်။
လူပြတ်ဟာဆွန်းက နွေးထွေးကြင်နာတတ်တဲ့အစ်ကိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တောက်ပတဲ့အပြုံးတွေကို မြင်တွေ့ရပါတယ်။
ဘုရင်ရီဟွန်းကတော့ ဆန့်ကျင်ဘက်ပါပဲ။ သူဟာ ခက်ထန်မာကြောပြီး အန္တရာယ်ရှိတဲ့ပုံစံမျိုးဖြစ်ပါတယ်။
Yeo Jin Gooရဲ့စရိုက်မတူတဲ့ဇာတ်ကောင်နှစ်မျိုးက ပရိသတ်တွေကို ဆွဲဆောင်ထားပြီး ဒရမ်မာကို ကြည့်ဖို့ မစောင့်နိုင်ဖြစ်နေကြပါတယ်။ ဒီဒရမ်မာကို ဇန်နဝါရီ၇ရက်နေ့တွင် tvNရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမှာဖြစ်တဲ့အတွက် ပရိသတ်တွေကြည့်ရှုရမည့် ကိုရီးယားဒရမ်မာတစ်ကားတိုးလာပြန်ပြီဖြစ်ပါတယ်။