Movie Name
The Seer (ရှေ့ရေးကိုမျော်တွေးသူ)
Year
2019
Generes
Drama
Code
ST0235
Type
Series
Size
8.6 GB
Country
Thai
Description
The Seer (2019) ဒီဇာတ်လမ်းကတော့ ၂၀၁၉ ခုနှစ်က ထုတ်လွှင့်ခဲ့ဖူးတဲ့ ထိုင်းဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ အရင်ခေတ်က မြို့တည်နန်းတည်တဲ့အချိန်မှာ အာဏာမြဲဖို့အရေး လူတွေကို စတေးကြတဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မဟာကထင် ဆိုတဲ့ နာမည်ကြီးဗေဒင်ဆရာက မိုင်းတွင်း ပြိုကျမှုတစ်ခုကို ကြိုတင်သိမြင်ပြီး ကယ်ဆယ်ရာကနေ စပါတယ်။ သူက ကြိုတင် သတိပေးပေမယ့်လည်း ကယ်ဆယ်ရေးခေါင်းဆောင်က လက်မခံတဲ့အတွက် ကယ်ဆယ်ရေးခေါင်းဆောင် သေဆုံးခဲ့ရပါတယ်။ ဒီကိစ္စတွေ ပြီးတဲ့နောက်မှာ မဟာကထင်ရဲ့နာမည်ဟာ ကြီးသထက် ကြီးလာခဲ့ပါတော့တယ်။ ထိုင်းနိုင်ရဲ့ ရွေးကောက်ပွဲကျင်းပချိန်မှာပဲ ထူးဆန်းတဲ့ လူသတ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီလူသတ်မှုရဲ့ထူးဆန်းတဲ့ ပုံစံကနေ ယဇ်ပူဇော်တာကို မဟာကထင်တစ်ယောက် သတိထားမိခဲ့ပါတယ်။ မြို့တည်နန်းတည်တဲ့အချိန်မှာ လူကိုသတ်ပြီး ဓာတ်ကြီးလေးပါးကို ပူဇော်တဲ့ပုံစံမျိုး ဖြစ်နေခဲ့တာပါ။ ဒီပုံစံဟာ မဟာကထင် ငယ်စဉ်က ဓားပြတိုက်ခံလိုက်ရပြီး ဓားပြတွေလက်ထဲ ပါသွားခဲ့တဲ့ မဟာကထင်ရဲ့အဘိုး ရေးသားခဲ့တဲ့ မြို့နက္ခတ် ပြင်ဆင်ရေး ပေလွှာထဲက ပုံစံနဲ့ တူနေခဲ့တဲ့အချိန်မှာတော့ …. ဒီအဖြစ်အပျက်ကြီးကို တားဆီးဖို့ မဟာကထင်တစ်ယောက် ကြိုးပမ်းပါတော့တယ်။ ဘာတွေ ဆက်ဖြစ်မယ် ဆိုတာကတော့ ဆက်လက်ရှုစားရမှာပဲ ဖြစ်ပါတယ်။