Movie Name
DORAEMON STAND BY ME 2 (2021)
Year
2021
Generes
Animation, Comedy, Drama
Code
AN0354
Type
Movie
Size
1.01 GB
Country
Japan
Description
Stand by me Doraemon 2 (2021) နိုဘီတဆိုတဲ့ကလေးလေးနဲ့ ဒိုရေမွန်ဆိုတဲ့အပြာရောင်စက်ရုပ်ကြောင်ကလေးတို့ အပိုင်း၁ (၂၀၁၄) မှာအနာဂတ်ကိုသွားကြည့်ခဲ့ကြပြီးတော့ ဒီတစ်ခေါက် အပိုင်း၂ (၂၀၂၀) မှာတော့ အတိတ်ကိုပြန်သွားရာကနေဇတ်လမ်းစခဲ့ပါတယ် နိုဘီတတစ်ယောက်သူ့မွေးနေ့မှာ အိမ်ကိုပြန်လာချိန် မယ်တော်ဘုရားက ဘဲဥမကွဲတဲ့ စာမေးပွဲအမှတ်စာရင်းစာရွက်ကိုရှာတွေ့ရာနေစလို့ အဆူခံရပြီး ပုလဲခလျှက်နဲ့ သူ့အခန်းထဲဝင်လာခဲ့ပါတယ်။ အခန်းထဲမှာ အမေဆူတာလွတ်ဖို့အရေး အရင်လိုပဲ ဒိုရေမွန်ဆီကနေပစ္စည်းဆန်းတွေသုံးဖို့ကြံနေရင်း သူကိုယ်တိုင်တောင် ဘာမှန်းမသိတာတွေလျှောက်လုပ်မိကုန်ပါတယ်။ အဲ့ဒီကနေ နိုဘီတရဲ့အဘွားပေးခဲ့တဲ့ ဝက်ဝံရုပ်လေးကိုတွေ့ပြီး အဘွားနဲ့ပြန်တွေ့ချင်လို့ ဒိုရေမွန်ဆီပူဆာရာကနေစလို့ နိုဘီတ ပီသစွာ တစ်လွဲအပြည့်နဲ့ဇတ်ထုတ်ကြီးကကြပါတော့တယ်။ ဒီဇတ်လမ်းမှာ ဟိုးအရင်ကလို မဟုတ်ဘဲ အဘွားနဲ့နိုဘီတတို့ကြားက သံယောဇဉ်ကြိုး မိဘမေတ္တာတို့ကို မျက်ရည်ဝဲလျှက်နဲ့ကြည့်ရမှာပါ (မျက်ရည်မခိုင်ရင်မကြည့်ပါနဲ့) နိုဘီတနဲ့ ရှိဇုကတို့ရဲ့ လက်ထပ်ပွဲမှာဖြစ်တဲ့ အလွဲများ။ အဘွားရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့ကြိုးစားရင်းနဲ့ လူကြီးဖြစ်သွားတဲ့ နိုဘီတနဲ့ ကလေးနိုဘီတတို့ကြားက ရင့်ကျက်လာမူကြီးတွေကိုလဲ ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။ နိုဘီတအတွက် အရေးကြီးဆုံးသောသူတွေဖြစ်ကြတဲ့ ဒိုရေမွန် အဘွားနဲ့ သူငယ်ချင်းများရဲ့ ဇတ်ပေါင်းခန်းလေးပေါ့။ နိုဘီတနဲ့ရင်းနီးပြီးသားသူများအဖို့တော့ ကြည့်ရတာ ပိုးစိုးပက်စက်တန်မှာပါ။