Movie Name
ချစ်လှစွာသောရန်သူ (koo Kaen San Ruk) (2021)
Year
2021
Generes
Comedy, Romance
Code
ST0241
Type
Series
Size
12.5 GB
Country
Thai
Description
"ချစ်လှစွာသောရန်သူ'' ဆုန်ကရန်သန်နာကွန် အဖြစ် Mike အင်ဒေါင် / ဒေါင်ပရာဒတ် အဖြစ် Mookda 🌼 ဇာတ်လမ်းအကျဉ်း 🌼 ဆုန်ကရန် ဆိုတဲ့အမျိုးသားဟာ မိန်းကလေးတွေကိုထည်လဲ‌တွဲနေတဲ့ ထိပ်သီးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ် သူမှာ ပီကား လိုခေါ်တဲ့သားလေးတစ်ယောက်ရှိပါတယ် ပီကား ရဲ့မိခင်က ဆုန်ကရန် ကို ပစ်ပြီး အခြား ယောက်ျားနောက်လိုက်သွားတဲ့ အချိန်ကစပြီး ဆုန်ကရန်တစ်‌ယောက်ဟာ မိန်းကလေးတွေကို အရုပ်လိုသဘောထားပြီး ဆက်ဆံခဲ့ပါတော့တယ် မျက်နှာမှာမှည့်အကြီးကြီး နဲ့ ရုပ်ဆိုးဆိုးကောင်မလေး အင်ဒေါင် မှာတော့ သူနဲ့သူ့မိသားစုပိုင်တဲ့ သစ်သီးခြံလေး တစ်ခြံရှိပါတယ် တစ်နေ့ ဖြစ်ချင်တော့ ဆုန်ကရန် ရဲ့အဖေက အင်ဒေါင့်ဖခင်ပိုင် ခြံမြေကွက်ကို မျက်စိကျပြီး မရရတဲ့နည်းနဲ့ယူဖို သူ့သားအမိန့်ပေးလိုက်တယ် ဆုန်ကရန်ကလည်း‌ အကြံမရတဲ့ အဆုံး အင်ဒေါင့်အမကို ကြိုက်ယောင်ဆောင်ပြီး မြေကွက်ကိုရအောင်ယူခဲ့တယ်ပြီးတော့ သူမကို စွန့်ပစ်လိုက်တော့မယ် အင်ဒေါင် ရဲ့အမက အသည်းတွေကွဲပြီး ကိုယ့်ကိုသတ်သေဖိုအထိကိုလုပ်ခဲ့ပါတော့တယ် အဲ့ဒီမှာ အင်ဒေါင် တစ်ယောက် သူ့ရဲ့အစ်မအတွက် လက်စားချေပြီး မြေကွက်ကိုလည်း ပြန်ယူဖို ဆုံးဖြတ်ချက်ချလိုက်ပါတယ် ပထမဆုံး ဆုန်ကရန်ကို လက်စားချေဖိုအတွက် ဘဲရုပ်ဆိုးလေး အင်ဒေါင်ကတော့ သူမရဲ့ သူငယ်ချင်း အကူအညီနဲ့ ဒေါင်ပရာဒတ်ဆိုတဲ့ နာမည်နဲ့ အလွန်လှပတဲ့ကောင်မလေးအဖြစ်နဲ့ ပြောင်းလဲလိုက်ပါတော့တယ် ကဲ ငန်း‌မလေး ဒေါင်ပရာဒတ် ကရော ဆုန်ကရန်ဆိုတဲ့ လူကို ဘယ်လိုပုံစံနဲ့ချဉ်းကပ်ပြီး လက်စားချေမှာလဲ? အမုန်းတရားတွေနဲ့ လက်စားချေဖို ချဉ်းကပ်ခဲ့တဲ့ အင်ဒေါင် နဲ့ ဆုန်ကရန် တိုရဲ့ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ ခံစားချက်အစစ်အမှန်တွေကရောဘယ်လိုဖြစ်လာမလဲ.....? ဆိုတာကိုတော့ February 21ရက်နေ့မှာ ကြည့်လိုက်ကြရအောင်ရှင် အချစ်ဟာသဇာတ်လမ်းလေးဖြစ်တာကြောင့် စောင်ကိုက်ရအောင်ရိုမယ့်အပြင် ရယ်လည်းရယ်နေရမှာမို အားပေးကြပါဦးနော် ဇာတ်လမ်းအညွှန်းကိုတော့ Mookda Myanmar FC မှ ရေးသားပေးထားတာ ဖြစ်ပါတယ် Subbed , Edited , Styled & Upload by Mann Mawkunn