-
Movie Name
-
Jujutsu Kaisen
-
Year
-
2020
-
Generes
-
Action, Animation, Adventure
-
Code
-
SAN0028
-
Type
-
Series
-
Size
-
6 GB
-
Country
-
Japan
-
Description
-
Review
ငါတို့ကောင်တွေတိုက်ခိုက်နေတာက…မရဏလမ်းမှာမှန်ကန်အောင်လျှောက်လှမ်းနိုင်ဖို့ပဲ သောကတွေ နောင်တတွေ အရှက်တရားတွေ အစရှိတဲ့ငါတို့လူသားတွေရဲ့အဆိုးမြင်ခြင်းခံစားချက်တွေဟာ တစ်နေ့ပြီးတစ်နေ့ကြီးထွားလာလိုက်တာ ကျိန်စာတစ်ခုလိုမျိုး သတ္တဝါနတ်ဆိုးတစ်ကောင်လိုမျိုး အတွင်းထဲမှာကိန်းအောင်းမွေးဖွားလာခဲ့ကြတယ် အဲ့ဒီကျိန်စာကြီးကထိန်းချုပ်မရအောင် ဒီတစ်ကမ္ဘာလုံးကိုနေ့စဉ်ပျံ့နှံ့နေတယ် ဒီကျိန်စာကောင်ကြီးကမထင်မှတ်ထားလောက်အောင်ကြောက်ဖို့ကောင်းလွန်းတယ် ဒီကျိန်စာကြီးကပဲလူတွေကိုအမှားတွေ ကံဆိုးမှုတွေယူဆောင်လာတယ် အဆုံးစွန်ဆုံးပြောရရင် သေခြင်းတရားကိုတောင်တစ်ပါတည်းခေါ်လာလေ့ရှိတယ် မီးကိုမီးနဲ့ငြိမ်းရတယ်ဆိုတာတချို့ကိစ္စတွေအတွက်အဓိပ္ပါယ်မရှိပေမယ့် ဒီကျိန်စာကိုတော့နောက်ထပ်ကျိန်စာတစ်ခုနဲ့ပဲဖျက်ဆီးပစ်လို့ရတယ်
သာမန်အထက်တန်းကျောင်းသားဘဝကိုဖြတ်သန်းနေရတဲ့ Itadori Yujiဆိုတဲ့လူငယ်လေးဟာ အရွယ်နဲ့မလိုက်အောင် ခွန်အားတွေရှိနေတယ် တစ်နေ့မှာသူ့သူငယ်ချင်းကိုအဲ့ဒီကျိန်စာဆိုးကောင်ကြီးကတိုက်ခိုက်ဖို့လုပ်တယ် အဲ့တာကိုသူကယ်ဖို့အတွက်သူဟာအဲ့ဒီမျက်နှာနှစ်ဖက်နဲ့ကျိန်စာဆိုးကောင်ကြီးရဲ့လက်ကိုကိုက်စားလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲကိုအဲ့ဒီကျိန်စာတွေထည့်သွင်းလိုက်တယ် အဲ့ဒီအချိန်ကစပြီးသူဟာနှစ်စိတ်တစ်ကိုယ်ဆိုတဲ့အတိုင်း သူဟာအဲ့အကောင်ကြီးနဲ့ခန္ဓာကိုယ်တစ်ခုထဲမှာမျှပြီးနေလိုက်ရတယ် အဲ့အခါItadoriကမြို့ပြတိုကျိုရဲ့အောက်လမ်းမှော်ပညာတွေစုနေတဲ့အထက်တန်းကျောင်းကိုရွှေ့ပြောင်းလိုက်ပါတယ် ရည်ရွယ်ချက်ကတော့အဲ့ဒီကအောက်လမ်းဆရာတွေမှော်ဆရာတွေရဲ့အစွမ်းထက်ဆုံးသူတစ်ဦးဖြစ်တဲ့Gojo Satoruဆိုတဲ့လူကိုယ်တိုင်ညွှန်ကြားထားတဲ့အဖွဲ့အစည်းထဲကိုဝင်ဖို့ပါ အဲ့အဖွဲ့အစည်းကတော့အဲ့ဒီလိုကျိန်စာဆိုးကောင်ကြီးတွေကိုတိုက်ဖျက်တဲ့အဖွဲ့အစည်းကြီးတစ်ခုပေါ့…ဒီဇာတ်လမ်းကတော့ပြန်လမ်းမရှိတဲ့ကောင်လေးတစ်ယောက် ကျိန်စာဆိုးတွေကိုတိုက်ဖျက်ဖို့ကိုယ်တိုင်ကကျိန်စာဖြစ်သွားတဲ့သူရဲကောင်းတစ်ယောက်ရဲ့အကြောင်းပေါ့…ကျိန်စာနတ်ဆိုးကြီးတွေကိုဘယ်လိုတိုက်ခိုက်မလဲ ဘယ်လိုတိုက်ပွဲတွေမြင်ရမလဲဆိုတာကတော့…Mmanime(dot)org websiteမှာဆက်လက်ကြည့်ရှုပေးပါခင်ဗျာ