Movie Name
E Riam Ring
Year
2021
Generes
Action, Comedy
Code
TH0010
Type
Movie
Size
864 MB
Country
Thai
Description
💃🏼💖"အပီဟဲမယ့်မိအေး"💖💃🏼 လာပြီနော် Main Casts မိအေး အဖြစ် "Bella Campen" ရမ် အဖြစ် "Napapa" တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော် ဘန်နမ်ကလွယ့်ရွာမှ ရွာသူမလေးမိအေးဟာ သူမရဲ့အစ်မဖြစ်သူ "ရမ်" အပေါ်မှာမနာလိုဖြစ်နေသူလေးပေါ့ 😁 ဘာလို့လဲဆိုတော့ သူမရဲ့အစ်မဟာ ယဉ်ကျေးသိမ်မွေ့ပြီး အပြောအဆိုညင်သာသူတစ်ယောက်ဖြစ်နေလို့ပါ မိအေးနဲ့တော့ ဆီနဲ့ရေဆိုသလိုပဲ အကွာကြီးကွာခြားတာပေါ့ မိအေးကတော့ တစ်နေ့တစ်နေ့ သူမရဲ့သူငယ်ချင်းတစ်သိုက်နဲ့ လျှောက်လည်ဖို့ပဲလောက်တွေးတယ် အိမ်မှုကိစ္စလည်းဘာမှမလုပ်မကူပေါ့ ရွာထဲကလူတွေက ညီအစ်မနှစ်ယောက်ကို အမြဲနှိုင်းယှဉ်ပြီးပြောကြတာမို့ မိအေးဟာ အစ်မဖြစ်သူအပေါ် မနာလိုအားတွေပိုကြီးလာပြီး အစ်မကိုချောက်ချဖို့အမြဲတွေးနေတာပေါ့ တစ်နေ့ မိအေးမရှိတုန်း သူမရဲ့အမေနဲ့အစ်မကို ဓါးပြတွေကဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ် ဒါနဲ့ မိအေးက အမေနဲ့အစ်မကိုကယ်တင်ဖို့ စွန့်စားခန်းဖွင့်ရပြီပေါ့ အမေနဲ့အစ်မကို ကယ်တင်ဖို့ ဓါးပြတွေကို မိအေး ဘယ်လိုတိုက်ခိုက်ပြီး ဘယ်လိုတွေ အပီဟဲမလဲဆိုတာတော့ ဇာတ်ကားထဲမှာကြည့်ရှုရင်း မိအေးနဲ့အတူခွီကြရအောင်😍 အညွှန်းအား Bella Campen Myanmarfc မှရေးသားထားပါ သည်