Movie Name
Shock Wave 2 (2020)
Year
2020
Generes
Action, Crime, Thriller
Code
CN0061
Type
Movie
Size
1 GB
Country
China
Description
Shock Wave 2 (2020) ================= အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ဟောင်ကောင်အက်ရှင် ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။ အားလုံးပိုစတာမှာ တွေ့ကြတဲ့အတိုင်းပဲ မင်းသားကြီး Andy Lau ပဲဖြစ်ပါတယ်။ တကယ်လို့ Andy Lau ရဲ့ ပရိသတ်တွေဆိုရင်တော့ 2017 က ထွက်ရှိခဲ့တဲ့ Shock Wave ဇာတ်လမ်းလေးကို မှတ်မိကြမယ်ထင်ပါတယ်။ အခုတင်ဆက်ပေးမယ့် Shock Wave 2 ဇာတ်ကားလေးကတော့ ဇာတ်ကောင်တွေတူပြီးတော့ ဇာတ်လမ်းက သက်သက်တစ်ခုဖြစ်ပါတယ်။ ရှေ့တစ်ကားနဲ့ အချိတ်အဆက်လည်းမရှိတဲ့အတွက် တကယ်လို့ရှေ့ကားမကြည့်ရသေးလည်း ဒီကားကိုကြည့်လို့ရပါတယ်။ Shock Wave 2 မှာဆိုရင်တော့ ဗုံးရှင်းအရာရှိတွေဖြစ်ကြတဲ့ ပွန်ဆင်ဖွန်နဲ့ တုံချောက်မန်တို့ရဲ့ ဗုံးရှင်းတဲ့အခန်းတွေရှေ့ကားလောက် သိပ်မပါတော့ပဲ၊ ဟောင်ကောင်ကို ရိုက်ခတ်လာမယ့် အကြမ်းဖက်သမားရဲ့ ဖောက်ခွဲမှုကိုတွေ တားဆီးရမှာကိုပိုပြီးတွေ့ရပါမယ်။ တစ်နေ့ ပွန်ဆင်ဖွန်နဲ့ တုံချောက်မန်တို့ ဗုံးရှင်းရာကနေ မတော်တဆဖြစ်ပြီး ပွန်ဆင်ဖွန်တစ်ယောက် အလုပ်ကနေ ရပ်နားခြင်းခံလိုက်ရပါတယ်။ အလုပ်ကိုချစ်တဲ့ ပွန်ဆင်ဖွန်တစ်ယောက်က သူချစ်မြတ်နိုးတဲ့အလုပ်ကို စွန့်လွှတ်ရတော့မယ်ဆိုတဲ့အချိန်မှာ သူဘာဆက်လုပ်မလဲ။ သာမန်ဘဝမှာပဲ ဆက်နေသွားမလား။ ဒါမှမဟုတ် အသစ်ပေးတဲ့ရာထူးဖြစ်တဲ့ ရုံးထိုင်အလုပ်ကိုပဲ ဆက်လုပ်သွားမလားဆိုတာကတော့… Shock Wave 2 ဟာဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ အမြတ်ငွေ ဒေါ်လာ ၂၂၆.၄ သန်းအထိ ရရှိခဲ့ပြီးတော့ ၂၀၂၀ အတွင်းမှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားတွေထဲကမှ အမြတ်ငွေအများဆုံးရရှိတဲ့ နံပါတ် ၁၀ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီလိုဆိုတော့ Shock Wave 2 က ဘယ်လောက်ကောင်းလဲ၊ မကောင်းလဲသိရပြီဆိုတော့ ခံစားကြည့်ကြပါဦးခင်ဗျာ။