-
Movie Name
-
Navillera (2021)
-
Year
-
2021
-
Generes
-
Drama
-
Code
-
SKR0449
-
Type
-
Series
-
Size
-
5.49 GB
-
Country
-
Korea
-
Description
-
Synopsis
Navillera (나빌레라)
ဒီတစ်ခေါက် GCပရိသတ်ကြီးကို တင်ဆက်ဖို့အလှည့်ကျလာတာကတော့ “Navillera”လို့အမည်ရတဲ့ Web Dramaလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားမှာဆိုရင်တော့ အားလုံးကြိုက်တဲ့ Love Alarmရဲ့မင်းသားချောလေး Song Kang နဲ့အတူ ဝါရင့်မင်းသားကြီး Park In Hwanတို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ် ~~
Sim Deok Chul (Park In Hwan)ဟာ အသက်၇၀အရွယ်အဖိုးအိုတစ်ဦးဖြစ်ပြီး စာတိုက်ဝန်ထမ်းဘဝမှ ပင်စင်ယူထားသူပါ ~ ဘဝတစ်လျှောက်လုံး ဘဲလေးအကသင်ဖို့ အိမ်မက်မက်လာခဲ့တဲ့သူဟာ ဘဝပေးအခြေအနေကြောင့် အိမ်မက်ကိုအကောင်ထည်ဖော်ခွင့်မရပဲ သာမန်အလုပ်နဲ့ပဲ မိသားစုကို ထောက်ပံ့ရှာဖွေပေးပြီးနေခဲ့ရပါတယ် သူပင်စင်ယူပြီးတဲ့နောက်မှာတော့ ဘဲလေးအကသင်ယူဖို့သူဆုံးဖြတ်လိုက်ပါတယ် သူ့မိသားစုက ဒါကိုသဘောမတူပေမဲ့ သူဟာ လက်မလျှော့ခဲ့ပါဘူး ဘဲလေးအကသင်ပေးတဲ့ companyကိုjoinရင်းနဲ့ မင်းသားLee Chae Rok(Song Kang)နဲ့ တွေ့ဆုံခဲ့ပါတယ် ~~
Lee Chae Rok (Song Kang)ဟာဆိုရင်တော့ အသက်၂၃နှစ်အရွယ် ဝါသနာကိုရှာဖွေနေတဲ့ လူငယ်တစ်ဦးပါ သူဟာ အားကစားအမျိုးမျိုးကစားကြည့်ပေမဲ့ အဲ့အရာတွေမှာ တစ်ခုမှပါရမီမပါတာကိုသိရပြီးတဲ့နောက် ဘဲလေးအကပညာကို စိတ်ဝင်စားလာခဲ့ပါတယ် သူ့အမေဟာ ဘဲလေးကချေသည်တစ်ဦးဖြစ်ခဲ့ပြီးတော့ ရောဂါကြောင့် Lee Chae Rok ငယ်ငယ်က ဆုံးပါးသွားခဲ့ပါပြီ~သူ့အဖေဟာလဲ စီးပွားရေး ဒေဝါလီခံလိုက်ရလို့ သူ့ဘဝဟာဝါသနာပါရာ အိမ်မက်နောက်လိုက်ဖို့အတွက်အခက်အခဲတွေကြုံတွေ့နေရပါတယ်
အိမ်မက်ကိုလက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်ပေမဲ့ မမျှော်လင့်ပဲ Sim Deok Chulနဲ့တွေ့ဆုံတဲ့အခါမှာတော့ ~~~~~ဘာတွေဆက်ဖြစ်မလဲ အိမ်မက်တွေအကောင်အထည်ဖော်နိုင်မှာလားဆိုတာကို GCနဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်~