Movie Name
Theptida Pla Rah (ငါးပိရည်နှင့်တို့စရာ)
Year
2021
Generes
Comedy, Romance
Code
ST0242
Type
Series
Size
8 GB
Country
Thai
Description
အပိုင်း (၁ မှ ၂၆) ထိ စ/ဆုံး ဇာတ်လမ်းအညွှန်း မဟာစဂျန် အဖြစ် Krating Khunnarong ဘိုင်မွန် အဖြစ် Chippy Sirin ငွေရှိရင် ဘာမဆိုပြီးတယ်လို့ ယူဆထားသော Hiso အသိုင်းအဝိုင်းက မဟာစဂျန်တစ်ယောက်က မာနလွန်စွာကြီးသလို အဆင့်အတန်းလည်း ခွဲခြားပါတယ် …. ကျေးလက်တောဒေသတွေဆို နှစ်ခါတောင် ခြေမချချင်တဲ့ လူစားမျိုးပေါ့ …. တစ်နေ့တော့ နိုင်ငံရေးသမားဖြစ်တဲ့ သူ့ဖခင်ဖြစ်သူမှ မဟာစဂျန့်အား တောအရပ်က ကျေးရွာဆီသွားပြီး ဖော်မော်ချော် ဆိုသော ဘာသာရပ်ကို သင်ယူခိုင်းတာကို သိလိုက်ရတော့ အကြီးအကျယ်ပေါက်ကွဲသွားပါတော့တယ်…. အဲ့ဒီအချိန်မှာ မဟာစဂျန်တစ်ယောက် Hiso အသိုင်းအဝိုင်းမှ ရုဝဒီ ဆိုတဲ့ ကောင်မလေး နဲ့ လက်ထပ်ချင်နေခဲ့တယ်… % buffered 00:00 -00:12 Download Your browser does not support the video tag. ဒီလိုနဲ့ ရုဝဒီဆိုတဲ့ မိန်းကလေးနဲ့ လက်ထပ်ဖို့ ဖခင်ဖြစ်သူနဲ့ အလဲအလှယ်လုပ်ကာ ကျေးလက်တောရွာကို ထွက်လာခဲ့ပါတော့တယ်…. တောရွာသို့ ရောက်ရောက်ချင်းမှာပဲ ဇာတ်ဇတ်ကျဲရွာရဲ့ပေါက်ကျော်မ ကျေးတောသူ (ဘိုင်မွန်)နဲ့ စတွေ့ပါတော့တယ်…. မြို့ြကီးသားငချေကောင်နဲ့ ကျေးလက်ရဲ့ အငွေ့အသက်တွေဟာ နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲစရာတွေကြီးပါပဲ… ပေါက်ကျော်မလေးကလည်း တလွဲမာနကြီးတဲ့မြို့ကြီးသားကို အလိုလိုနေရင်းမျက်မုန်းကျိုးနေတော့ သူတို့ရဲ့ရန်ပွဲဟာ မရိုးရပါဘူး…. သူတို့ဘာတွေဆက်ြဖစ်ကြမလဲ..ဖခင်သင်ခိုင်းတဲ့ပညာတွေရော တတ်မြောက်မှာလား.. ရွာရဲ့ဓလေ့ထုံးတမ်းတွေကိုစိတ်ပျက်ပြီး ပြန်လာမှာလား… ပေါက်ကျော်မလေးနဲ့ရော ငြိမ်းချမ်းရေးရမလား… အရမ်းလည်းရယ်ရသလို ဇာတ်လမ်းလေးလည်းကောင်းမွန်တာကြောင့် ထိုင်းစီးရီးကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ… ဇာတ်လမ်းအညွှန်းကိုတော့ Mann Mawkunn မှရေးသားပေးထားပါတယ်….