Movie Name
Sulthan (2021)
Year
2021
Generes
Action, Drama
Code
IND0055
Type
Movie
Size
1.92 GB
Country
Bollywood
Description
အိန္ဒိယတောင်ပိုင်းရုပ်ရှင်ချစ်သူတွေအတွက် တစ်နေ့ကထွက်လာတဲ့ မင်းသား Karthi(ကာရ်သီ) နဲ့ မင်းသမီးချော Rashmika Mandanna(ရာ့ရှ်မီကာမန်ဒနား)တိုရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဗစ်ကရမ် (ခေါ်) ဆူလ်သန်ဟာ ချန်နိုင်းမြိုက ဒိတ်ဒိတ်ကြဲလူမိုက်ကြီး စည်သူပသီရဲ့သားပါ။ လူမိုက်ပေမယ့် မှန်ကန်တဲ့လူမိုက်ကြီး စည်သူပသီဟာ ချန်နိုင်းဝန်းကျင်တစ်ဝိုက်မှာ နာမည်ကောင်းနဲ့ ကျော်ကြားပြီး ဘေးပတ်ဝန်းကျင်နယ်တွေမှာ ပြဿနာပေါ်လာတိုင်း ဖြေရှင်းပေးနေကျပေါ့။ အုပ်ထိန်းသူမိခင် မရှိတော့တဲ့နောက်ပိုင်း လူယုံ လက်ရုံးတပည့်တွေလက်ပေါ်မှာ ကြီးပြင်းလာခဲ့ရတဲ့ ဆူလ်သန့်ကို စည်သူပသီကရော ၊ တပည့်တွေအားလုံးကပါ သိပ်ချစ်ကြတယ်။ % buffered 00:00 -00:09 Download Your browser does not support the video tag. အရွယ်ရောက်သည်အထိ ပညာတွေသင်ရင်း မွန်ဘိုင်းမြိုမှာနေရတဲ့ ဆူလ်သန့်အတွက် လူဆိုးလူမိုက်အလုပ်တွေကို မလုပ်ရသလို သူကိုယ်တိုင်လည်း လူမိုက်အလုပ်ကို မနှစ်မြိုသူပါ။ ဒီလိုနဲ့ ဖခင်ကြီး ဆုံးပါးသွားပြီးတဲ့နောက်ပိုင်းမတော့ ဖခင်ကြီးမသေခင်က ပေးခဲ့တဲ့ကတိအတိုင်း ရွာတစ်ရွာကိုနှောက်ယှက်ပြီး အဲ့ဒီရွာကို ဒုက္ခပေးနေတဲ့ လူမိုက်ကြီးတစ်ယောက်နဲ့ ဆူလ်သန်တစ်ယောက် ရင်ဆိုင်ရဖို ဖြစ်လာပါတယ်။ တောင်းပိုင်းရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း အကအလှတွေ ဝေဝေဆာဆာ ၊ အက်ရှင်ခန်းတွေ ဖောဖောသီသီနဲ့ ၂နာရီကျော်ကြာတဲ့ ပြသချိန်အတွင်း ပျင်းရိမသွားရလေအောင် ဟာသလေးတွေ အူမြူးစရာလေးတွေပါ ထည့်ထားတော့ အိန္ဒိယရုပ်ရှင်ချစ်သူတွေအတွက် ကြည့်ပျော်မှာပါ။