Movie Name
Archive (2020)
Year
2020
Generes
Sci-Fi
Code
04537
Type
Movie
Size
944 MB
Country
Hollywood
Description
သေပြီးတဲ့နောက်မှာ ဘ၀ကြီးက ချက်ချင်းပြီးသွားတာ မဟုတ်ဘူးဆို ဘယ်လိုလုပ်မလဲ။ ကိုယ့်ရဲ့ အသိစိတ်ကို ခဏသိမ်းထားလို့ရပြီး နောက်မှာ ကျန်ခဲ့မယ့်လူတွေကို နှုတ်ဆက် စကားပြောခွင့်ရမယ်ဆိုရဂ်ရော။ Artificial intelligence(ညဏ်ရည်တု)နည်းပညာနဲ့ ပက်သက်တဲ့ နယ်ပယ်မှာ ပညာရှင်တိုင်းဖြေဖို့ကြိုးစားနေတဲ့မေးခွန်းတစ်ခုရှိတယ်။ “အသိ စိတ်ကို ဖန်တီးလို့ရလား”ဆိုတဲ့မေးခွန်းပါ။ ဒီဇာတ်ကားထဲမှာတော့ ဒီမေးခွန်းကိုရိုးရိုးလေး ဖြေပြသွားတာကိုတွေ့ရမှာပါ။ 1238ခုနှစ်မှာ စက်ရုပ်ပညာရှင်တစ်ယောက်က ဂျပန်နိုင်ငံရဲ့ နှင်းတောထဲက အလုပ်ရုံတစ်ခုမှာ လူလိုအသိညဏ်ရှိတဲ့စက်ရုပ်တွေကို ကြိုးစားပြီးဖန်တီး နေတယ်။ သူ့ရဲ့အသိစိတ်ရှာပုံတော်က တော်တော်တောင်ခရီးရောက်နေပြီပြောရမယ်။ လိုအပ်နေတာလေးတွေတော့ရှိသေးတာပေါ့။ ဒါပေမယ့် သူကတိကျတဲ့ရည်ရွယ်ချက်တစ်ခု အတွက် လူသားတစ်ယောက်နဲ့ထပ်တူကျတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။ တိတိကျကျပြော ရရင် သေသွားတဲ့သူ့မိန်းမနဲ့တူတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။တဖြည်းဖြည်းနဲ့ သူ့ရဲ့အလုပ် က အန္တရာယ်များလာပြီး စွန့်စားရမှာတွေရှိလာတယ်။ သူအောင်မြင်ပါ့မလား။ ဘယ်လိုပြဿ နာတွေကိုကြုံရဦးမလဲဆိုတာသိချင်ရင်တော့ ဇာတ်ကားလေးကို ကြည့်လိုက်ပါ။ ————– ဇာတ်ကားက IMDB Rating 6.3/10 ရရှိထားပြီး si-fi ဇာတ်ကားတစ်ကားအနေနဲ့ဆို မဆိုးဘူး လို့ပြောရမှာပါ။ ခပ်အေးအေးဇာတ်လမ်းနဲ့ မထင်မှတ်ထားတဲ့ အဆုံးသတ်နဲ့ ပရိတ်သတ်ကို ဪ ဒီလိုလားဆိုပြီးဖြစ်သွားစေပါလိမ့်မယ်။ ညဏ်ရည်တုနည်းပညာနဲ့ပတ်သက်ပြီး ညဏ်ရည်တုနဲ့ လူသားတွေရဲ့ကြားထဲမှာရှိလာနိုင်တဲ့ သံယောဇဉ်တွေကိုပါချပြထားပါတယ်။ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nay Myo Thu ပဲဖြစ်ပါတယ်။)