Movie Name
ပြိုင်စံရှား (Dtagrut Ton)
Year
2019
Generes
Action, Drama
Code
ST0243
Type
Series
Size
12.9 GB
Country
Thai
Description
"ပြိုင်စံရှား" ဇာတ်လမ်းအကျဉ်းကတော့ .... ဆရွန်ဖူဆိုတဲ့ ရဲအုပ်တစ်ယောက်ဟာ မဟာဝဲလို့ အမည်ရတဲ့ လူဆိုးအဖွဲ့ကို အကျဉ်းထောင်ထဲ သယ်ပို့ပေးတဲ့အချိန်မှာ ထောင်ဖောက် မပြေးနိုင်အောင်လို့ ရုပ်ဖျက်ပြီး ထောင်သားတွေနဲ့ အတူလိုက်သွားခဲ့ပါတယ် .... ကံဆိုးချင်တော့ တစ်ကယ်ပဲ မဟာဝဲတို့ အဖွဲ့သားတွေက ထောင်ဖောက်ပြေးဖို့ကြံစည်ထားပြီးတော့ လမ်းတစ်ဝက် မှာ ဆရွန်ဖူတစ်‌ယောက် သူတို့တွေ ပစ်ခတ်တာခံလိုက် ရပါတယ် .... ဒီလိုနဲ့ပဲ မဟာဝဲအဖွဲ့ကို ပြန်လည် ဖမ်းဆီးနိုင်ဖို့ အတွက် ဆရွန်ဖူတို့ ကြိုးစားကြမှာဖြစ်ပြီးတော့ တစ်ဖက်မှာလည်း တရားမဝင်ရွှေရောင်းဝယ်ရေး လုပ်နေတဲ့ ကုန်သည်ကြီးတစ်ယောက်က တပ်မှူးကြီး ပရာဆတ်ကို ကြိုးကိုင်ထားပြန်တယ် ..... ဒီလိုကြိုးကိုင်တာခံထားရတဲ့ တပ်မှူးပရာဆတ်အနေနဲ့လည်း တရားမျှတမှုအတွက် ထိထိရောက်ရောက် မလုပ်ပေးနိုင်သလို ကုန်သည် နိုင်တန်ကလည်း မကောင်းမှုတွေကိုထပ်တလဲလဲလုပ် လာပါတော့တယ် .... ဒုမ်ဖရာဖိုင် လို့အမည်ရတဲ့ တောအုပ််‌ကြီးထဲ မှာလည်း လူဆိုးဂိုဏ်းတွေ အများအပြားနဲ့ ပြည့်နက်နေပါတော့တယ် .... အဆိုပါတောအုပ်ထဲက လူဆိုးဂိုဏ်းတွေကတော့ အခြား သူတွေလိုမဟုတ်ပဲ ခန္ဓာကိုယ်ကို ကျည်ဆံတွေ ဓားတွေ မဝင်နိုင်တဲ့ မာကျောခြင်းအစွမ်းတွေကိုပါ ပိုင်ဆိုင်ကြ ပါတယ် .... 😱 ထိုတောအုပ်ထဲမှ ဆွာဆက်ကျေးရွာ ခေါင်းဆောင် ဆွာဆက်ကတော့ လူကောင်းတစ်ယောက်ဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဓားပြတစ်ယောက်ဖြစ်လာခဲ့ပြီးတော့ ဓားပြတိုက် ခိုးလာရသမျှကို တောရွာမှာရှိတဲ့ ရွာသားတွေကို ပြန်လည် စွန့်ကြဲပေးလေ့ရှိတယ် ..... ဆရွန်ဖူလည်း ဒီလိုနဲ့ ဒုမ်ဖရာဖိုင်တောအုပ်ထဲမှာ မဟာဝဲ တို့ အဖွဲ့ကို လိုက်လံဖမ်းဆီးရင်း ဆွာဆက်ကျေးရွာထဲရောက်လာခဲ့ပြီးတော့ နက်ဆိုင်ဆိုတဲ့ ကျေးရွာခေါင်းဆောင်ရဲ့ သမီး‌လေးနဲ့တွေ့ဆုံခဲ့ပါတော့တယ် .... ဒါပေမယ့် သူက ရဲတစ်ယောက်မှန်း ဖွင့်မပြောခဲ့ပဲ ထောင်ဖောက်ပြေးလာတဲ့ ထောင်သားတစ်ယောက်လို နေလိုပဲ ဟန်ဆောင်နေထိုင်ခဲ့ပါတယ်.... ဆရွန်ဖူ နဲ့ နက်ဆိုင်တို့ကြားမှာ ဆက်ဆံရေးတွေလည်း တစ်ဖြည်းဖြည်း နွေးထွေးလာပြီးတော့ တစ်ယောက်ပေါ် တစ်ယောက်ချစ်ခင်တွယ်တာလာခဲ့မိတယ်.... 💕 တစ်နေ့မှာ ဆရွန်ဖူက ရဲအုပ်တစ်ယောက်မှန်း နက်ဆိုင် သိသွားရင် ဘယ်လိုတောင် အမုန်းကြီးမုန်းသွားမလဲ ? ရဲအုပ်နဲ့ ဓားပြရွာက ဓားပြမလေးတို့ရဲ့ အချစ်ဇာတ်လမ်း က ဇာတ်သိမ်းလှပါ့မလား ? ဆရွန်ဖူကကော သူလိုက်လံဖမ်းဆီးနေတဲ့ မဟာဝဲတို့ အဖွဲ့ကို ဖမ်းဆီးနိုင်ပီး မစ်ရှင်အောင်မြင်သွားမလား ? ဆိုတာကိုတော့ မှော်တွေ ဂါထာတွေ အလွန်အမင်း ကြောက်စရာကောင်းတဲ့ တိရစ္ဆာန်တွေနဲ့ ကြည့်ရှုသူတို့ တစ်ပိုင်းထက် တစ်ပိုင်း စိတ်ဝင်စားမှုမြင့်တက်အောင် ဇာတ်အိမ်တည်ထားတဲ့ "ပြိုင်စံရှား" ဇာတ်လမ်းတွဲလေး မှာ ကြည့်ရှုလိုက်ကြရအောင် 😉🙈