-
Movie Name
-
အမှတ်တမဲ့ချစ်ခြင်း (2021)
-
Year
-
2021
-
Generes
-
Drama, Romance
-
Code
-
ST0246
-
Type
-
Series
-
Size
-
8.26 GB
-
Country
-
Thai
-
Description
-
"အမှတ်တမဲ့ချစ်ခြင်း" (2021)
အပိုင်း (၁၆) _ (ဇာတ်သိမ်းပိုင်း)
Main Casts _
တစ်ဖာတိ / မုန် အဖြစ် Masu Junyangdikul
ဂျစ်စီကောင်ဝ် အဖြစ် Mo Monchanok
ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီကနေ စတာပါ
မုန်ဆိုတဲ့ခပ်ချောချောစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က သူ့ဘဝမှာ ဘယ်မိန်းကလေးကမှ ငြင်းတာကို မခံခဲ့ရ
ဖူးပါ ....
သူ့ကို ငြင်းမယ့် မိန်းကလေးမျိုး ရှိလာမယ်ဆိုတာကို မုန်တစ်ယောက် တစ်ခါမှ မတွေးထားခဲ့ပါ ....
ဂျစ်ဆိုတဲ့ အတွင်းရေးမှူး ကောင်မလေးနဲ့ မတွေ့ခင်ထိပေါ့
ဒါနဲ့ပတ်သက်ပြီး မုန်တစ်ယောက် မခံမရက်နိုင်ဖြစ်ကာ ဂျစ်ကို အနိုင်ယူဖို့ ကြိုးစားတော့ပါတော့တယ် ....
ဒါပေမယ့် ဂျစ်မှာ လျို့ဝှက်ချက်တစ်ခု ရှိပါတယ် ....
အဲ့ဒါကတော့ ဂျစ်က မုန့်ရဲ့ အစ်မကို ကားနဲ့ မတော်တဆတိုက်မိခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ် ....
အဲ့မတော်တဆပြီးကတည်းက ဂျစ်တို့မိသားစုဟာ မုန်တို့မိသားစု မသိအောင် ခြေရာဖျောက်လိုက်ပါတော့တယ်
အချိန်တွေကြာပြီး အနေနီးလာတော့ မုန် နဲ့ ဂျစ် အကြားမှာ အချစ်တစ်ခုပေါ်ပေါက်လာခဲ့ပါတော့တယ် ....
ထိုအချစ်တွေဟာ အချိန်တစ်ခု အရောက်မှာတော့ လုံးဝပျောက်ကွယ်သွားပါတော့တယ် ....
အဲ့အချိန်ကတော့ မုန့်ရဲ့အစ်မကို ကားနဲ့ တိုက်ခဲ့တဲ့သူက ဂျစ်ဆိုတာကို မုန် သိလိုက်ရတဲ့အချိန်ပဲ ဖြစ်ပါတယ် ....
တစ်ဖက်မှာလည်း ချစ်သူဖြစ်နေပြီး တစ်ဖက်မှာလည်း အစ်မဖြစ်သူ ဖြစ်နေတော့ မုန်တစ်ယောက် သေမတတ်ခံစားခဲ့ရပါတော့တယ် ...
ကားနဲ့ တိုက်ခဲ့သူဟာလည်း မုန် အသေချစ်ရတဲ့ ချစ်သူ
မတော်တဆကြောင့် ဒုက္ခိတဖြစ်သွားရသူဟာလည်း ငယ်ငယ်ကတည်းက အားကိုးရတဲ့ အစ်မတစ်ယောက် ဖြစ်နေတော့ မုန်တစ်ယောက်ဝေခွဲမရဖြစ်ကာ ဘာဆက်လုပ်မလဲ .... ?
အစ်မဖြစ်သူ ဒုက္ခတိဖြစ်သွားတာကြောင့် ဂျစ်ရဲ့
နှလုံးသားကို ကလဲ့စားချေတဲ့အနေနဲ့ မုန်ဟာ ခွဲချေသွား
မလား .... ?
နှစ်ဦးနှစ်ဖက်စလုံးကို နားလည်ပေးပြီး ဂျစ်ကို ဆက်ချစ်သွားမလားဆိုတာကို ကြည့်ရှုလိုက်ရအောင်လားခင်ဗျ
[ ဇာတ်လမ်းအညွှန်းကို Mann Mawkunn မှ ရေးသားပေးထားပါတယ် ]