Movie Name
မိုးကောင်းကင်ကိုတိုင်တည်၍ချစ်ခဲ့သည် (Game Rai Game Rak)
Year
2011
Generes
Drama, Romance
Code
ST0247
Type
Series
Size
9.27 GB
Country
Thai
Description
"မိုးကောင်းကင်ကိုတိုင်တည်၍ ချစ်ခဲ့သည်" မြန်မာစာတန်းထိုး 👉 [ အစ / အဆုံး ] ထိုင်းနိုင်ငံရဲ့ အနုပညာဆုတံဆိပ်အများဆုံး ရရှိထားတဲ့ မင်းသားချောလေး Nadech Kugimiya နဲ့ ထိပ်တန်း မင်းသမီးတစ်လက်ဖြစ်တဲ့ Yaya Urassaya တို့က ဦးဆောင်ပါဝင်ထားပြီး .... Rating 9.357% ထိရရှိထားတဲ့အပြင် .... မင်းသား နဲ့ မင်းသမီးတို့ရဲ့ တွဲဖက်ညီလှတဲ့ သရုပ်ဆောင် ချက်တွေကြောင့် များပြားလှတဲ့ စုံတွဲဆုများအပြင် မင်းသား မင်းသမီးသီးသန့်ဆုတွေပါ အများအပြား ရရှိထားတဲ့ကားကောင်းလေးပါ .... 🥳✨ ဇာတ်လမ်းအကျဉ်းလေးကတော့ .... မင်းလ် လို့အမည်ရတဲ့ ကျွန်းလေးတခုမှာ စိုင်ချွန် ဆိုတဲ့ ကောင်လေးတစ်ယောက်နေထိုင်ပါတယ် .... တစ်နေ့မှာ ကံကြမ္မာအကြောင်းဖန်လာပြီး ပင်လယ် ကမ်းခြေသောင်ယံမှာ သတိလစ်မေ့မျောနေတဲ့ အသက် (၁၇) နှစ် အရွယ်သာရှိသေးတဲ့ ဖာလဒါ လို့အမည်ရတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ် .... သူမပြန်သတိရလာတဲ့အခါမှာတော့ သူမကဘယ်သူ ဘယ်ဝါမှန်းတောင်မသိတော့ပဲ နာမည်အရင်းကိုပါမေ့သွားတဲ့ထိ မှတ်ညာဏ်တွေ ပျောက်ဆုံးသွားပါတော့တယ် .... 😢 ဒီလိုနဲ့ စိုင်ချွန်ကသူမကို ဂရုစိုက် စောင့်ရှောက်ပေးပြီး သူမက နတ်သမီးလေးလို လှပတာမို့ နန်ဖာရ်လို့ အမည် လေး တစ်ခု မှည့်ပေးလိုက်ပါတော့တယ် .... 😍 {နန်ဖာရ် = နတ်သမီး} ဒီလိုနဲ့နှစ်ယောက်တူတူနေသွားကြရင်း ချစ်ကြိုးသွယ်သွားကြပါတော့တယ် .... 💕 တနေ့မှာတော့ ဖာလဒါရဲ့ အမတော်ဆက်သူ ချွန်ဖူးပရယ်က ခရီးသွားမဂ္ဂဇင်း တစ်ခုမှာ ဖာလဒါရဲ့ မင်းလ်ကျွန်းက ပုံကို အမှတ်မထင် တွေ့လိုက်ရ‌ပါတော့တယ် .... ချွန်ဖူးပရယ်တစ်ယောက် သူမရဲ့လူတွေကို အဲ့ကျွန်းကို လွှတ်ပီး ဖာလဒါကိုပြန်ခေါ်ဆောင်ခိုင်းခဲ့ပါတော့တယ် .... အဲ့ကျွန်းမှာ ရုန်းရင်းဆန်ခတ်တွေဖြစ်ပီး စိုင်ချွန်လည်း သေနတ်ထိကာ နန်ဖာရ်လည်း သူမအိမ်သို့ပြန်ရောက် သွားပါတော့တယ် ..... နှစ်ပေါင်းများစွာကြာပီးတဲ့နောက်မှာတော့ .... စိုင်ချွန်တစ်ယောက် ထိုင်းနိုင်ငံကလေကြောင်းကုမ္ပဏီ ပိုင်တဲ့ သူဌေးကြီးတစ်ယောက်အဖြစ်နဲ့ နာမည်အသစ်နဲ့အမေရိက ကနေ ထိုင်းန်ိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါတော့တယ် .... ချွန်ဖူးပရယ် နဲ့ စိုင်ချွန်တို့က စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်ကြတာမို့ တူတူအလုပ်လုပ်ကိုင်ရင်း နန်ဖာရ် နဲ့ ပြန်ဆုံတွေ့ကြပါတော့တယ် .... စိုင်ချွန်တစ်ယောက်အရမ်းအံဩပြီးပျော်သွားတာပေ့ါ .... ဝမ်းနည်းစွာနဲ့ နန်ဖာရ်ကသူ့ကိုမမှတ်မိတော့ပါဘူး .... ထိုစဉ်မှာ ချွန်ဖူးပရယ်ကလည်း စိုင်ချွန့်ကို တဖက်သတ် ချစ်မိနေခဲ့ပြီ .... ညီမနှစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ထဲကို ချစ်ကြိုက်မိသွားတဲ့အခါမှာ ဘယ်လိုပြဿနာတွေဖြစ် ပေါ်လာမလဲ .... ? နန်ဖာရ်ကကော စိုင်ချွန်နဲ့တစ်ကွ ကျွန်းကိုရောက်သွားတုန်းက အမှတ်တရတွေအကုန်ကိုပြန်မှတ်မိသွားနိုင် ပါ့မလား .... ? ဆိုတာကိုတော့ ဒီ "မိုးကောင်းကင်ကိုတိုင်တည်၍ ချစ် ခဲ့သည်" လို့အမည်ရတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှု လိုက်ကြရအောင် .... 💕 ဇာတ်လမ်းဇာတ်အိမ်ခိုင်မာတဲ့အပြင် ရင်ထဲခလုခလုနဲ့ ကြည့်ရမယ့် ရိုမန့်တစ်ဇာတ်ဝင်ခန်းများစွာနဲ့အတူ Slap & Kiss တွေပါပေးသေးတာမို့ ပရိတ်သတ်တို့ အကြိုက်တွေ့မယ်ဆိုတာ ရာနှုန်းပြည့် ယုံကြည်ပါတယ် ခင်ဗျာ 💯 💕 ဒါ့အပြင် ဒီကားလေးရဲ့ ထူးခြားချက်ကတော့ Nadech နဲ့ Yaya တို့က ဒီဇာတ်ကားရိုက်ပီးစတွဲခဲ့တယ်ဆိုတာပါပဲ🙈