Movie Name
ဝမ်ထုန်
Year
2021
Generes
Drama
Code
ST0248
Type
Series
Size
12.1 GB
Country
Thai
Description
" ဝမ်ထုန် " 👱‍♀️❤️ (2021) မြန်မာစာတန်းထိုး အစ / အဆုံး Rating 7.6 ထိရရှိခဲ့ပြီး 2021 တနှစ်တာရဲ့ အအောင်မြင် ဆုံးနဲ့ အကောင်းဆုံး ဇာတ်ကားစာရင်းထဲပါဝင်ခဲ့တဲ့ "ဝမ်ထုန်" .... 💕 My Ambulance ဇာတ်လမ်းတွဲထဲက မင်းသမီးချောလေး Mai Davika နဲ့အတူ ထိပ်တန်းဝါရင့်မင်းသားကြီး‌တွေဖြစ်ကြတဲ့ Pong Nawat နဲ့ Krit Shahkrit တို့က အတူ တွဲဖက်သရုပ်ဆောင်ထားကြပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ .... လွန်ခဲ့သော ကလေးဘဝက ခွန်ဖန်ရယ် ခွန်ချန်းရယ် မယ့်ဖင်ရယ်က ကစားဖော် ကစားဖက် သူငယ်ချင်း တွေပါ .... ခွန်ဖန် က‌တော့ ရုပ်ရည်ကခန့်ညား ချောမောတယ် , ထက်မြတ်တယ် ဒါပေမယ့် ဆင်းရဲရှာတယ် .... ခွန်ဖန့် ဖခင်သည်လည်း ဘုရင်မင်းမြတ်ဆီမှာ ခစားနေတဲ့ စစ်သူရဲကောင်းကြီးတစ်ယောက်ပေါ့ .... ခွန်ချန်းကကျတော့ ရုပ်ဆိုးတယ် ညာဏ်ဖျင်းတယ် ဒါပေမယ့် အရမ်းချမ်းသာကြွယ်ဝတယ် .... နောက်ပြီး တော်ဝင်မျိုးနွယ်တွေနဲ့ အဆက်အသွယ်ရှိသူ အသိုင်းအဝိုင်းက ဆင်းသက်လာသူဖြစ်ပါတယ် .... မယ့်ဖင်အသက် ၁၅ နှစ်အရွယ်မှာ အပေါင်းအသင်းကစားဖော်တွေနဲ့ ကစားရင်း ခွန်ဖန် နဲ့ တွေ့ခဲ့ပါတော့တယ် အဲ့ဒီအချိန်ကတည်းက မယ့်ဖင် နဲ့ ခွန်ဖန်တို့ဟာ အချင်းချင်း မေတ္တာမျှခဲ့ကြပါတော့တယ် .... ဒီလိုနဲ့ အရွယ်ရောက်လာတဲ့အချိန်မှာ ခွန်ချန့်က မယ့်ဖင်ကို ချစ်နေတာကို သိပြီး မိဘတွေနဲ့ လာတင်တောင်းခိုင်း တော့မှာကို မယ့်ဖင် သိလေသောအခါ .... သူမ ချစ်ရသူ မောင်ကြီး ခွန်ဖန့်ကို ခွန်ချန်းထက် ဦးကာ မိဘတွေနဲ့ လာတင်တောင်းခိုင်းလိုက်ပါတော့တယ် .... ထိုကိစ္စကို ခွန်ချန်း တစ်ယောက် သိလေသော် အခဲမကျေ ဖြစ်ပြီး မယ့်ဖင် နဲ့ ခွန်ဖန် တို့ ချစ်သူနှစ်ဦးကြားကို ဝင် နှောင့်ယှက်ကာ မယ့်ဖင်ကို မရရအောင် ယူဖို့နည်းလမ်း မျိုးစုံဖြင့် ကြိုးစားပါတော့တယ် .... တစ်နေ့သော် ခွန်ချန်း တစ်ယောက် ခွန်ဖန့်ကို စစ်တိုက် ထွက်ရဖို့ ကြံစည်လိုက်ပါတော့တယ် .... ဒီလိုနဲ့ မယ့်ဖင်တို့ လက်ထပ်ပွဲနေ့မှာပဲ ခွန့်ချန့်ရဲ့အကြံ အစည်က အောင်မြင်သွားပြီး နောက်သုံးရက်နေရင် စစ်တိုက်ထွက်ရန် နန်းတွင်းမှ စာရောက် လာပါတော့တယ် .... ထိုကိစ္စကို သိသော ခွန်ဖန် တစ်ယောက် မငြင်းဆန်နိုင်ကာ ခွန်ချန့်လက်ချက်မှန်းသိသိလျက်နဲ့ စစ်ဆေးရေး ပြန်အရောက်မှ တွေ့မယ်ဆိုပြီး မှတ်သားကာ မိန်းမဖြစ်သူ မယ့်ဖင်ကို မှာစရာရှိတာ မှာပြီး စစ်တိုက်ထွက်သွားပါတော့တယ် .... ဒီလိုနဲ့ ခင်ပွန်းဖြစ်သူ စစ်တိုက်ထွက်နေချိန်မှာ မယ့်ဖင် တစ်ယောက် နာမကျန်းဖြစ်လာကာ ကံကောင်းဖို့အတွက် ဘုန်းတော်ကြီး တစ်ပါးမှ သူမရဲ့နာမည်ကို "မယ့်ဖင်" ကနေ "ဝမ်ထုန်" အဖြစ်ပြောင်းလိုက်ပါတော့တယ် .... အဲ့ဒီနောက်မှာတော့ မယ့်ဖင် နဲ့ ခွန်ဖန်တို့ ဘဝထဲကို ခွန်ချန့်တစ်ယောက် ခလောက်ဆန်အောင် ဝင်နှောက် ပါတော့တယ် .... နောက်ပြီး မယ့်ဝမ်ထုန် ခေါ် မယ့်ဖင်ကို သူ့မယားအဖြစ် နည်းအမျိုးမျိုးဖြင့် လုပ်ကြံကာ သိမ်းပိုက်လိုက်ပါတော့ တယ် .... ခွန်ဖန် ကလည်း စစ်ပွဲက အပြန် လောင်ထုန်လို့အမည်ရတဲ့ မိန်းမချောလေးတစ်ယောက်ကို မယားအဖြစ် ခေါ်ဆောင်လာပါတော့တယ် .... အဲ့ဒီနောက်မှာ သူတို့ရဲ့ ရှုပ်ထွေးနက်နဲလှတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကြီးက ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ စောင့်မျှော်ကြည့်ရှု လိုက်ကြရအောင် 🥰 အယုဒ္ဓယခေတ်က ထိုင်းလူမျိုးတို့ရဲ့ ရှေးဟောင်းအပြင်အဆင်တွေကို သေသေချာချာ ရိုက်ကူးပုံဖော်ထားပြီး အချစ်ရေး ပဋိပက္ခတွေနဲ့အတူ မှော်အောက်လမ်းတွေ တခြားသောစိတ်ဝင်စရားတွေပါအများကြီးပါဝင်သေး တာမို့ တခြားဇာတ်ကားတွေနဲ့မတူ တစ်မူထူးနေပြီး များပြလှတဲ့ ဗဟုသုတတွေကိုပါ ရရှိနိုင်မယ့် ကားကောင်းလေးတကားပါ 💯