Movie Name
KARNAN (2021)
Year
2021
Generes
Action, Thriller
Code
IND0058
Type
Movie
Size
1.92 GB
Country
Bollywood
Description
IMDb Rating (8.6) ၁၉၉၇ ခုနှစ်မတိုင်ခင်က ပိုဒီရန်ကုလမ် ဆိုတဲ့ ရွာလေးမှာ ကာနန်ဆိုတဲ့ ‌ဂျစ်ကန်ကန်လူငယ်လေးတစ်ယောက်ရှိတယ်… သူက မတရားမှုဆို ငြိမ်ခံမနေဘဲ ဒေါသကိုရှေ့တန်းတင်တက်တာကြောင့် ပြဿနာကောင်ဆိုပြီး နာမည်ကြီးနေရော.. % buffered 00:06 -00:11 Download Your browser does not support the video tag. ပိုဒီရန်ကုလမ်ရွာလေးက ဝေးလံတဲ့အရပ်မှာရှိပြီး ဘတ်စ်ကားမှတ်တိုင်တောင်မရှိလို့ ရွာသားတွေက အနီးနားက မေလာရွာလေးမှာ ကားသွားစီးကြရတယ်… ဒါတွေကြောင့်လဲ ပိုဒီရန်ကုလမ်ရွာသားတွေက နေရာတကာမှာ အဖိနှိပ်ခံ အောက်ကျို့ခံပြီးနေနေကြရတယ်.. တစ်နေ့ ရွာလမ်းဆုံမှာ ဘတ်စ်ကားမရပ်ပေးလို့ ခဲနဲ့ထုရာကနေ ပြသနာစပြီး ကာနန်က ကားတစ်စီးလုံး ရိုက်ခွဲလိုက်တာကြောင့် ရွာသားတွေအားလုံး ရဲနဲ့အမှုရင်ဆိုင်ရပါတော့တယ်… ရဲတွေကထုံးစံအတိုင်း အမှုနဲ့မဆိုင်တဲ့ ရွာသားတွေကိုပါ တမင်အနိုင်ကျင့်ရိုက်နှက်တာကြောင့် ဖိနှိပ်ခံလူတန်းစားတော်လှန်ရေးပေါ်ပေါက်လာပါတယ်… မျိုးချစ်ကောင်လေး ကာနန် ဦးဆောင်ပြီးရွာသား‌တွေနဲ့အတူ အဖိနှိပ်ခံဘဝ‌ကနေလွတ်အောင်ဘယ်လိုကြိုးစားကြမလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sein Lae မှ တင်ဆက်ထားတာပါ။)