-
Movie Name
-
The Classic (2003)
-
Year
-
2003
-
Generes
-
Drama, Romance
-
Code
-
KR0050
-
Type
-
Movie
-
Size
-
1 GB
-
Country
-
Korea
-
Description
-
IMDb Rating (7.9/10) Rotten Tomatoes (93%)
ကိုရီးယား အချစ်ဇာတ်ကားကောင်းလေး တပုဒ်ပါ။
ဒီဇာတ်ကားကို ဘာသာပြန်တဲ့သူ ကိုယ်တိုင် ၆ခါ ထက်မနည်း မကြာခဏ ပြန်ကြည့်ဖြစ်တဲ့ ဇာတ်လမ်းလေးဖြစ်ပြီး၊
The Notebook တို့ Dear John တို့လို အချစ်ဇာတ်လမ်းလေးတွေ ကြိုက်တတ်သူ ဆိုရင် ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ကောင်မလေးတယောက်က သူ့အမေရဲ့ ငယ်ချစ်ဦး ဇာတ်လမ်းကို
ပေးစာဟောင်းနဲ့ ဒိုင်ယာရီတွေကနေ ဖတ်မိတဲ့ ပုံမျိုးနဲ့ ဇာတ်လမ်းကို စတင်ပါတယ်။
သမီးနဲ့ အမေ ဇာတ်ရုပ် နှစ်ခုလုံးကို မြန်မာပရိသတ်တွေ ဟယ်ယွမ်(ကျောက်မဖြစ်တဲ့ နှလုံးသား ရုပ်ကြွင်း) အဖြစ်
လူသိများတဲ့ မင်းသမီးချောလေးက သရုပ်ဆောင် ထားပြီး၊
အမေရဲ့ ငယ်ချစ်ဦးပုံပြင်နဲ့ သမီးရဲ့ လက်ရှိ မပြီးဆုံးသေးတဲ့ အချစ်ဇာတ်လမ်းကို နှစ်ခုယှဉ်တွဲလို့ သရုပ်ဖော် ထားတာပါ။
ကံကြမ္မာရဲ့ ဆန်းကျယ်ပုံ ..
ကျောင်းသားဘဝ ရယ်စရာတချို့ နဲ့အတူ .. ဆယ်ကျော်သက်အရွယ် ဖြူ စင်တဲ့ မေတ္တာ …
လွမ်းမောဖွယ် ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေဟာ ဆွတ်ပျံ့ကြည်နူးစရာမို့ ဇာတ်လမ်းအဆုံးထိ ကြည့်ပြီးတဲ့အခါ
ရင်ဘတ်ထဲ တခုခု ကျန်နေရစ်ခဲ့မှာ သေချာပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Allie Sacrlett ဖြစ်ပါတယ်။