Movie Name
KALA (2021)
Year
2021
Generes
Action, Thriller
Code
IND0061
Type
Movie
Size
1.50 GB
Country
Bollywood
Description
ကျွန်တော်တို့ လူသားတွေက အစွဲအလမ်းသိပ်ကြီးတတ်ကြတယ်ဗျ… တချို့က အမှတ်တရများစွာရှိနေတဲ့ အရာဝတ္ထုပစ္စည်းတွေအပေါ်မှာ စွဲလမ်းတတ်ကြသလို..တချို့ကျ ကိုယ်ချစ်ခင်မြတ်နိုးတဲ့ သူတွေအပေါ်..တချို့ကျပြန်တော့လည်း ကိုယ်အမြတ်တနိုးမွေးမြူထားတဲ့ တိရိစ္ဆာန်လေးတွေအပေါ်…အစွဲအလမ်းတွေကြီးတတ်ကြတယ်။ ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အရာတွေက တချို့လူတွေအတွက်ကျတော့ အလကားဖြစ်နေတတ်တယ်… “အချစ်ဆိုတာ သက်ဆိုင်သူနှစ်ဦးကလွဲလို့ တခြားလူတွေအတွက် ဟာသဖြစ်နေတတ်တယ်” ဆိုသလိုပေါ့.. အဲ့လို ကိုယ်မြတ်နိုးတဲ့အရာလေးတစ်ခုကို တခြားသူက ဘာမှမတွေးဘဲ လုယူလိုက်တဲ့အခါ အငြိုးတွေက အလျှံငြီးငြီးတောက်လောင်လာစေတယ်… ဒီဇာတ်လမ်းလေးမှာတော့ သူ သိပ်ချစ်ပြီး အမြတ်တနိုးမွေးမြူထားတဲ့ ခွေးလေးတစ်ကောင်ကို သတ်ပစ်လိုက်တဲ့အခါ အငြှိးကြီးတဲ့ သခင်တစ်ယောက်ရဲ့ တန်ပြန်လက်စားချေမှုတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်.. သွေးသံရဲရဲဖိုက်တင်ခန်းတွေနဲ့ တမီးလ်ဂျွန်ဝစ်ဆိုရင်လဲ မမှားတဲ့ဇာတ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကို Thuya မှ တင်ဆက်ထားတာပါ။)