-
Movie Name
-
Dara Of Jasenovac (2021)
-
Year
-
2021
-
Generes
-
Drama, War
-
Code
-
EN0364
-
Type
-
Movie
-
Size
-
903 MB
-
Country
-
Hollywood
-
Description
-
2021 Serbian သမိုင်း ဒရာမာ အသစ်လေး
ဘာသာပြန်တင်ဆက်ပေးထားပါတယ်။
IMDb 8.3 ရရှိပြီးတော့ မနှစ်က အော်စကာမှာ
အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆုအတွက်
ဝင်လျှောက်ခဲ့ပါသေးတယ်။
Another Round ဆိုတဲ့ အရက်သမားကားကို မယှဉ်နိုင်လို့သာ ဆုမရခဲ့တာပါ။
% buffered
00:00
-00:04
Download
Your browser does not support the video tag.
ဒီရုပ်ရှင်ကတော့ သမိုင်းရဲ့ လူသိနည်းတဲ့
လူသတ်ပွဲကြီးတစ်ခုအကြောင်းကို ပြသထားတာပါပဲ။
နာဇီတွေက ချွေးတပ်စခန်းတွေ ဖွင့်ပြီး
ဂျူးတွေကိုသတ်တာတော့ အားလုံးသိနေပြီးသားပါ။
အဲဒီကာလအတွင်းမှာပဲ ခရိုအေးရှားမှာလည်း ဖက်ဆစ်ဝါဒ ကြီးစိုးပြီး
ဂျူးတွေ အပြင် ဆားဘီးယားတွေကိုပါ ခွှေးတပ်စခန်းတွေထဲမှာ
ရက်ရက်စက်စက်သတ်ခဲ့ကြတာတွေ ရှိပါတယ်။
ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက် ဒါရာ ဆိုတဲ့ မိန်းကလေး ၁၀ နှစ်ပဲ ရှိပါသေးတယ်။
သူ့အဖေက ခွှေးတပ်စခန်းတစ်ခုမှာ မသေအောင် ရုန်းကန်နေရချိန်။
သူ့အမေနဲ့ အစ်ကိုက အသတ်ခံလိုက်ရချိန်မှာ
နှစ်နှစ်သားပဲ ရှိတဲ့ သူ့ရဲ့ မောင်လေးကို
ချွေးတပ်စခန်းထဲမှာ မသေအောင် စောင့်ရှောက်ရမယ့်တာဝန်ကျရောက်လာပါတယ်။
အဲဒီစခန်းတွေမှာ လူ့အသတ်ဆိုတာ အပျင်းပြေ သတ်စရာလောက်ပဲ ရှိပါတယ်။
တံမြက်စည်းလှဲတာ စင်ရင်သတ်တယ်၊
အလုပ်မလုပ်နိုင်ရင်သတ်တယ်၊
ဖျားရင် ကုရခက်ရင် သတ်တယ် ဆိုတော့
ဒီစခန်းကြီးထဲကနေ ဒါရာတစ်ယောက်ဘယ်လိုရုန်းကန်လွတ်မြောက်ရမလဲဆိုတာ….