Movie Name
Color Rush (2020)
Year
2020
Generes
Drama, Romance
Code
KR0052
Type
Movie
Size
1 GB
Country
Korea
Description
Monoနဲ့ Probeဆိုတာကိုကြားဖူးကြပါသလား။ မကြားဖူးရင်တော့ ဒီကားလေးထဲမှာ လေ့လာလို့ရမှာဖြစ်ပြီး သိပြီးသားဆိုရင်တော့ အဲ့လူနှစ်ယောက်ကြားက ဇာတ်လမ်းလေးကိုခံစားကြည့်လိုက်ကြရအောင်ပါ။ Monoဆိုတာ အရောင်မြင်နိုင်စွမ်းမရှိသူကိုခေါ်ပါသတဲ့ ဒါပေမယ့် Color Blind ဖြစ်တာမျိုးတော့မဟုတ်ဘဲ သူတို့မြင်ရတဲ့လောကကြီးဟာ မီးခိုးရောင်အဖြစ်တည်ရှိနေတာမျိုးပါ။ ကံကြမ္မာက ဖန်တီးပေးထားတဲ့အဆန်းတကြယ်ဖြစ်ရပ်လေးကတော့ အဲ့ဒီMonoလိုလူတွေဟာ လူတယောက်နဲ့တွေ့တဲ့အခါ အရောင်မျိုးစုံဖြာထွက်တာ(Color rush)ကို မြင်ရပြီး အရောင်တွေကိုသိမြင်ခံစားလာနိုင်ကြပါသတဲ့။ % buffered 00:00 -00:09 Download Your browser does not support the video tag. အဲ့လိုသူတို့ကို အရောင်တွေကိုသိမြင်ခွင့်ပေးနိုင်သူကို Probeလို့ခေါ်ပြီး Monoတယောက်ဟာ သူ့ရဲ့Probeနဲ့တွေ့ဆုံခွင့်ရသွားပြီဆိုရင် အရူးအမူးစွဲလန်းသွားတဲ့ထိဖြစ်သွားတတ်ကြပါတယ်။ Probeသာဘေးမှာရှိနေရင် အရောင်တွေကိုမြင်ခွင့်ရမယ်ဆိုတဲ့လောဘကြောင့်ရော ချစ်မိသွားတဲ့စိတ်ကြောင့်ရော…ပြောရမယ်ဆိုရင် Probeနဲ့Monoဟာ soulmate လိုမျိုးဖြစ်နေကြတဲ့ သဘောသဘာဝလေးကို ဒီကားလေးထဲမှာ Monoဖြစ်သူ အထက်တန်းကျောင်းသားချွဲယွန်းဝူနဲ့ သူ့ရဲ့Probe ဂိုယူဟန်ကြားက ဇာတ်လမ်းလေးအဖြစ်ရိုက်ကူးထားပါတယ် BLကားလေးဖြစ်လို့ မထိတထိကလိကလိနေရာလေးများကို စောင်ကိုက်ကြည့်ရမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ