-
Movie Name
-
Mission - Possible (2021)
-
Year
-
2021
-
Generes
-
Action, Comedy, Crime
-
Code
-
KR0053
-
Type
-
Movie
-
Size
-
1.18 GB
-
Country
-
Korea
-
Description
-
Yoo Da Hee က တရုတ်နိုင်ငံရဲ့ လျှို့ဝှက်လုံခြုံရေးအရာရှိတစ်ဦး ဖြစ်ပါတယ်။
သူမရဲ့ဌာနက တောင်ကိုရီးယားက သေနတ်မှောင်ခိုမှုတစ်ခုရဲ့သတင်းကို ရရှိတဲ့အခါမှာတော့
မှောင်ခိုသမားတွေကို ချဉ်းကပ်ဖို့ သူမ ကြိုးစားရပါတော့တယ်။
အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းကတော့ ကိုရီးယားက အေးဂျင့်တစ်ယောက်နဲ့ လက်တွဲလုပ်ကိုင်ရမှာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် မှတ်ပုံတင် မှားယွင်းမှု တစ်ခုကြောင့်
မမျှော်လင့်ဘဲ Woo Soo-Han နဲ့ ဆုံတွေ့ဖို့ ဖြစ်လာပါတော့တယ်။
Woo Soo-Han ဆိုတာကတော့ ကိုရိုးကားရားနိုင်ပြီးတော့ အတွေ့အကြုံမရှိတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်ပဲ ဖြစ်ပါတယ်။
သူ လုပ်တဲ့ စုံထောက်အလုပ်ကလည်း ခွေးရှာကြောင်ရှာ အလုပ်လောက်ပဲ တတ်တာပါ။
Yoo Da Hee ကတော့ Woo Soo-Han အကြောင်းကို မသိဘဲနဲ့
သူမနဲ့ လက်တွဲလုပ်ကိုင်စေတာပဲ ဖြစ်ပါတယ်။
Woo Soo-Han ကတော့ သူ့ကို လျှို့ဝှက်အေးဂျင့်အနေနဲ့ အရွေးခံရပြီလို့ မှားပြီးတော့ ထင်နေတာပါပဲ။
ဒါပေမယ့် အဓိကသက်သေတွေ အသတ်ခံလိုက်ရချိန်မှာတော့ ……
ကိစ္စတွေက တကယ်ကို အတည်ကြီး ဖြစ်လာပါတော့တယ်။
စုံထောက်အက်ရှင်ကားကို ဟာသသဘောနှောပြီး ရိုက်ထားတာမို့ အတော်လေး ကြည့်ကောင်းတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
IMDb – 6.8 ရရှိထားပြီးတော့
Mydrama List မှာ 7.9 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
ဘာသာပြန်ထားတာကတော့ Aung Tayza ပဲ ဖြစ်ပါတယ်။